Egypt သမ္မတဟောင်း မုဟမ္မဒ် မုရ်စီ တရားရင်ဆိုင်မှူအပြီး ကွယ်လွန်

အီဂျစ်နိုင်ငံပိုင် မီဒီယာရဲ့အစီရင်ခံစာအရ အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီနည်းအရ ပထမဆုံး ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ သမ္မတဟောင်း မုရ်စီဟာ ကိုင်ရိုမြို့တရားရုံးမှာ တရားရင်ဆိုင်နေစဉ်အတွင်း မိန်းမောတွေဝေနေပြီး တရားရင်ဆိုင်မှူအပြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: Al Jazeera

အသိပေး အကြောင်းကြားခြင်း

စာဖတ်သူများအားလုံး မင်္ဂလာပါ။ စိတ်မကောင်းစရာသတင်းတစ်ခုလောက် ထုတ်ပြန်ပါရစေ။ ကျွန်တော်များရဲ့ Facebook စာမျက်နှာ Myanmar Update News Agency – MUNA ကို ၂၈.၈.၂၀၁၈ ရက်နေ့၊ (11:17 PM UTC +03) နာရီမှာ အမည်မသိလူတစ်ချို့မှ ခိုးယူသွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ စာမျက်နှာကိုပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဖော်ပြပါအချိန်နောက်ပိုင်း တင်သည့် အကြောင်းအရာများနှင့် ပြင်ဆင်သည့်အကြောင်းအရာများဟာ ကျွန်တော်များ အယ်ဒီတာအဖွဲ့နှင့် လုံးဝသက်ဆိုင်မှုမရှိပါကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်။ လေးစားစွာဖြင့် MUNA အယ်ဒီတာအဖွဲ့   Dear Readers, We are sad to inform that our Facebook Page (Myanmar Update News Agency – MUNA)…

ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာ အမြန်ဆုံး Kawasaki Ninja H2R …

ဧပြီ ၁၁ မော်ဒယ်က ၁၀၀၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ်။ ဒီနေ့ ဈေးကွက်ဝင် မော်ဒယ်တွေထဲမှာတော့ အမြန်ဆုံး မော်ဒယ် အဖြစ် သတ်မှတ်ခံထားရပါတယ်။ အင်ဂျင်က တစ်မိနစ် လည်ပတ်အား အပတ်ရေ ၁၄၀၀၀ မှာ မြင်းကောင်ရေ ၃၁၀အားထိအောင် ထွက်ရှိမှာ ဖြစ်ပါတယ်။ အခု အင်ဂျင် အရွယ်က ပြည်တွင်းမှာ လူစီးများတဲ့ Suzuki Carry ရဲ့ အင်ဂျင်နဲ့ အရွယ်တူလည်း ဖြစ်ပါတယ်။ စွမ်းအင် ထုတ်လုပ်ပေးနိုင်မှုကတော့ မြင်းကောင်ရေ ၃၁၀ အား ဖြစ်လို့ ပြိုင်ကားတွေရဲ့ စွမ်းအင် ထုတ်လုပ်နိုင်စွမ်းလောက်ထိအောင် ရှိတာလည်း ဖြစ်ပါတယ်။ လေးလုံးထိုး အင်ဂျင်စနစ် ဖြစ်ပြီး 4 Stroke ပုံစံပါ။ ကိုယ်ထည်အလေးချိန်က ဆီမပါပဲ ၂၁၆ကီလိုဂရမ်…

ရဲတပ်ဖွဲ့ရိုက်နှက်တာခံခဲ့ရတယ်ဆိုတဲ့ ကိုသန်းတိုးအောင် သတင်းစာရှင်းလင်းပွဲလုပ်မယ်

ဇန်နဝါရီ ၂၇ လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ ည သန်းခေါင်အချိန်က ကျောက်တံတားမြို့နယ် လမ်း (၄၀)ထိပ်မှာ ဖြစ်ပွားခဲ့တဲ့ လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ကိုသန်းတိုးအောင်က သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၈ ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီခွဲအချိန် ရန်ကုန်နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း YSPS ရုံးခန်း (အမှတ် (၁၂၂)၊ တတိယထပ်၊ (၅၁) လမ်း အလယ်၊ ပုဇွန်တောင်မြို့နယ်) မှာပြုလုပ်သွားမယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့တရားဝင် ဖေ့ဘုတ်စာမျက်နှာတစ်ခုဖြစ်တဲ့ Yangon Police မှာ စနေနေ့ နေ့လည်ခင်းက အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ဖော်ပြခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာတော့ “ရဲတပ်ဖွဲ့ ၀င်များကိုလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ၏လုပ်ဆောင်ချက်အပေါ် စုံခုံစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များမှ ရိုက်နှက်မှုများပေါ်ပေါက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ…

ဝက်ခြံအကြောင်း တစ်စေ့တစ်စောင်း

ဝက်ခြံဟာ နာတာရှည် အရေပြားရောင်ရမ်းနာတစ်မျိုးဖြစ်ပါတယ်။ ဝက်ခြံကြောင့် မျက်နှာ၊ ပုခုံး၊ လည်ကုတ်၊ နောက်ကျော၊ ရင်ဘတ်နဲ့ လက်မောင်းတို့မှာ အဖုအပိန့်တွေထတတ်ပါတယ်။ ဝက်ခြံအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ကြီးကောင်ဝင်စအရွယ်မှာ ဝက်ခြံအပေါက်များပါတယ်။ အဲဒီအရွယ်မှာ အဆီကျိတ်ဂလင်းတွေ အလုပ်စလုပ်လို့ပါ။ ဒါပေမဲ့ အသက်အရွယ်အပိုင်းခြားမရွေးဝက်ခြံပေါက်တတ်ပါတယ်။ ဝက်ခြံဟာ အန္တရာယ်မရှိပေမယ့် မျက်နှာမှာ အမာရွတ်တွေ ချိုင့်ခွက်တွေကျန်ခဲ့တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေမှပါရှိတဲ့ အဒရီနယ်ဂလင်းအကျိတ်ကနေ ထုတ်လွှင့်လိုက်တဲ့ ကျားဟော်မုန်းတွေဟာ အဆီကျိတ်ဂလင်းတွေကို အလုပ်လုပ်စေပါတယ်။ ငယ်ရွယ်စဉ်လူတော်များများ ဝက်ခြံနဲ့ မကင်းခဲ့ကြပါဘူး။ ဝက်ခြံအကြောင်း နည်းနည်းလေ့လာကြည့်ရအောင်။ – ဝက်ခြံဟာ မွေးညင်းပေါက်အခြေမှာရှိတဲ့ အဆီကျိတ်ဂလင်းတွေကြောင့် ဖြစ်ရတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ – အသက် ၁၁ နှစ်နဲ့ ၃၀ အကြား လူ ၄ဦးလျင် ၃ ဦး ဝက်ခြံပေါက်ပါတယ်။ – အန္တရာယ်ရှိတဲ့ရောဂါမဟုတ်ပေမယ့်…

ကလေးငယ်တွေရဲ့ ငိုကြွေးခြင်း ဘာသာစကား

၁၂ ဇန်နဝါရီ လူ့လောကကြီးကို ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ ကလေးငယ်လေရဲ့ ပထမဆုံးလုပ်ငန်းဆောင်တာက ငိုကြွေးခြင်းပါပဲ။ ကလေးငယ်တွေဟာ စကားမပြောတတ်ခင်မှာ ငိုကြွေးခြင်းကို ဘာသာစကားတစ်ခုအသွင် အသုံးပြုကြပါတယ်။ ငိုပုံငိုနည်းအလိုက် အဓိပ္ပာယ်တွေလည်း ကွဲပြားပါတယ်။ လေ့လာကြည့်ရအောင်။ ၁. ဗိုက်ဆာခြင်း – ကလေးငယ်ဟာ ဗိုက်ဆာရင် တအီအီငိုပြီး သူ့လက်သူစုပ်တာဖြစ်ဖြစ်၊ အမေ့ရင်သားတွေကို လိုက်ဆွဲတာဖြစ်ဖြစ်လုပ်ပါလိမ့်မယ်။ ဒီလိုအချိန်ငိုရင် ကာရန်ညီပြီး အသံက စူးရှပါတယ်။ ကလေးကို အငိုစောင့်ပြီးမှ နို့တိုက်တယ်ဆိုရင် အငိုတိတ်အောင် ချော့ရလည်းခက်ပါလိမ့်မယ်။ ၂. ပင်ပန်းနွမ်းနယ်ခြင်း – ကလေးငယ်ဟာ ငိုကြွေးရင် သူ့မျက်လုံးတွေကိုပွတ်နေပြီဆိုရင် ပင်ပန်းနေတဲ့လက္ခဏာပါပဲ။ ငိုတဲ့အခါ တိုးတိုးနဲ့ ဖြေးဖြေးစငိုတတ်ပြီး တဖြေးဖြေးနဲ့ ကျယ်လောင်စူးရှလာပါလိမ့်မယ်။ ကလေးငယ်မောပန်းတဲ့အခါ ချော့ရခက်တတ်သလို အိပ်ပျော်အောင် သိပ်ရလည်းခက်တတ်ပါတယ်။ ပင်ပန်းနွမ်းနယ်လို့ငိုတာကို ဗိုက်ဆာလို့ငိုတယ်လို့ အမှတ်မှားတတ်ကြပါတယ်။ ၃. အမြှူလွန်ခြင်း…

ကိုယ်ဝန်ဆောင်ချိန် ဖောရောင်ခြင်း

ဇန်နဝါရီ ၁၀ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ဟာ သွေးနဲ့ ကိုယ်တွင်းရည် ထုတ်လုပ်မှုကို သာမန်အချိန်ထက် ၅၀ရာခိုင်နှုန်းနီးပါး ပိုမိုလုပ်ဆောင်ပါတယ်။ အဲဒီလိုဖြစ်ရခြင်းက ဗိုက်ထဲမှာ တဖြည်းဖြည်းကြီးထွားလာမယ့် ကလေးလေးအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်ဖောရောင်ခြင်းဟာ သဘာဝအရ ဖြစ်လေ့ဖြစ်ထရှိတာမို့ အန္တရာယ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ပုံမှန်သဘာဝအရရောင်ရမ်းခြင်းကို လက်၊ ခြေထောက်၊ ခြေကျင်းဝတ်၊ ခြေဖဝါးနဲ့ မျက်နှာတွေမှာ ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အရည်တွေပိုများနေခြင်းဟာ မိခင်ရဲ့ ခန္ဓာကိုယ်ကို ‘အိစက်စက်’ ဖြစ်စေနိုင်တာကြောင့် ကလေးငယ်ကြီးထွားပြန့်ကားမှုကို အထောက်အကူပြုပေးပါတယ်။ အရည်များခြင်းအားဖြင့် တင်ပဆုံးရိုးကွင်းအဆစ်တွေနဲ့ တစ်သျှူးတွေကို ကလေးမွေးဖွားရလွယ်ကူအောင် ကားပေးစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်မြင့်တက်မှုရဲ့ ၂၅ ရာခိုင်နှုန်းက ဒီအရည်တွေကြောင့်ဖြစ်ပါတယ်။ ကိုယ်ဝန်ရဲ့ ဘယ်အချိန်မှာမဆို ဖောရောင်ခြင်းကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန် ၅ လအချိန်မှာ…

ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း

ဇန်နဝါရီ ၉ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးတဲ့ အခြေအနေ (၃) မျိုးရှိပါတယ်။ တစ်မျိုးကတော့ အခုပြောနေတဲ့ Gestational Hypertension ဖြစ်ပါတယ်။ Gestational Hypertension ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းဆိုတာ ၆ နာရီခြား နှစ်ကြိမ် သီးခြားစီသွေးပေါင်ချိန်တဲ့အခါ သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ဖြစ်နေတာကို သတ်မှတ်ထားပါတယ်။ ဆီးထဲ ပရိုတိန်းဓာတ်မပါဝင်တာ သို့မဟုတ် ကိုယ်ဝန်သွေးဆိပ်တက်ခြင်း (Pre-eclampsia) လက္ခဏာမပါဝင်မှသာ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်းလို့ သတ်မှတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးခြင်း (Gestational hypertension or Pregnancy-induced hypertension) ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန် အပတ် ၂၀ နောက်ပိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia) ဒီကိုယ်ဝန်ဆိပ်တက်ခြင်းမှာအထက်ပါအတိုင်း သွေးပေါင်ချိန် မြင့်တက်တဲ့အပြင် ဆီးထဲမှာ ပရိုတိန်းပါဝင်ပါတယ်။ ပရိုတိန်းပါဝင်မှုပမာဏကတော့ (၂၄ နာရီဆီးစစ်ဆေးမှုမှာ ပရိုတိန်းဓာတ်…

မြီးကောင်ပေါက်တွေအတွက် အရေးကြီးတဲ့ ကိုယ်လက်လှုပ်ရှား အားကစား

ဇန်နဝါရီ ၈ မြီးကောင်ပေါက်စအရွယ်တွေ ကျန်းမာသန်စွမ်းဖို့နဲ့ ကိုယ်ခန္ဓာကြီးထွားဖို့အတွက် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းက အင်မတန်အရေးကြီးပါတယ်။ မြီးကောင်ပေါက်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး မိနစ် ၆၀ ခန့် ကိုယ်လက်လှုပ်ရှားမှုရှိဖို့အရေးကြီးပါတယ်။ အနေတော်ကိုယ်လက်လှုပ်ရှားမှုကနေ အပြင်းအထန် ကိုယ်လက်လှုပ်ရှားမှုလည်း လိုအပ်ပါတယ်။ အဲဒါမှသာ ကျန်းမာကြံ့ခိုင်ပြီး ကိုယ်အလေးချိန်ကို အကောင်းမွန်ဆုံးအနေအထားတစ်ခုမှာထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေ ဖန်သားမျက်နှာပြင်ကြည့်ရှုတဲ့အချိန်ကို ကန့်သတ်ဖို့လိုပါတယ်။ ဖန်သားမျက်နှာပြင်ဆိုရာမှာ တီဗီ၊ ဗီဒီယို၊ ကွန်ပြူတာ၊ စမတ်ဖုန်း အစရှိသဖြင့်တို့ ပါဝင်ပါတယ်။ ထိုင်ပြီးလုပ်ရတဲ့အလုပ်တွေကို တစ်နေ့နှစ်နာရီအထိသာလုပ်ဖြစ်ဖို့ ကန့်သတ်ပေးသင့်ပါတယ်။ အကယ်လို့ အချိန်အပြည့်မပေးနိုင်ရင်လည်း တစ်နေ့ကို မိနစ် ၃၀ လောက် ပေါ့ပေါ့ပါးပါးနဲ့ အနေတော်လေ့ကျင့်ခန်းလောက်လုပ်နိုင်ရင်မဆိုးပါဘူး။ ဥပမာအားဖြင့် – ခပ်သွက်သွက်လမ်းလျှောက်ခြင်း လှေကားတက်ခြင်း ကခုန်ခြင်း အိမ်မှုကိစ္စလုပ်ခြင်း တို့ပါဝင်ပါတယ်။ ပုံမှန် အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်ကြီးလာတဲ့အခါ…

စွန့်ပစ်အလှစက္ကူတွေကို အသုံးပြုပြီး မင်းသမီးဆန်ဆန်ဝတ်ဆင်ပြသူ

လူတော်တော်များများက မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေနဲ့ ခရစ္စမတ်လက်ဆောင်ပစ္စည်းတွေကို ဖောက်ဖွင့်ပြီးရင် အပေါ်က ပါကင်ပိတ်ထားတဲ့ အလှစက္ကူတွေကို လွှင့်ပစ်လိုက်လေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်က အသက် ၂၆ နှစ်အရွယ် ဒီဇိုင်နာအမျိုးသမီးငယ်ဟာ အဲဒီလွှင့်ပစ်ထားတဲ့ အလှစက္ကူတွေကို အသုံးပြုပြီး ဒစ္စနီကာတွန်း မင်းသမီးဆန်ဆန်အဝတ်အစားတွေအဖြစ် ဖန်တီးပြခဲ့ပါတယ်။ သူမနာမည်ကတော အိုလီဗီယာမီယားဖြစ်ပြီး အသုံးမပြုတော့တဲ့ အရာတွေကိုအသုံးပြုကာ ထူးထူးခြားခြားအဝတ်အစားတွေအဖြစ်ဖန်တီးရာမှာ နာမည်ကြီးသူဖြစ်ပါတယ်။ အရင်ကလည်း သူမဟာ အိမ်သာသုံးစက္ကူတို့၊ ဘီယာဘူးထုတ်ပိုးစက္ကူတို့ကို အသုံးပြုပြီး အဝတ်အစားတွေဖန်တီး ဝတ်ဆင်ပြခဲ့ပါသေးတယ်။ #MUNA /နိုင်သူရ