မန္တလေးရှိတည်ခိုခန်းတွင် မှတ်ပုံတင်မပေးပဲတည်းခိုသည့် အမျိုးသမီးကို သေဆုံးနေလျှက်တွေ့

ဧပြီ ၃ မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ်၊ မြို့ သစ်(၁)ရပ်ကွက် ၆၆×၆၇လမ်း၊ ငုရွှေဝါနှင့်စိန်ခြယ်လမ်းကြား အေးသုခလမ်းသွယ်ရှိ တည်းခိုးခန်းတွင် မှတ်ပုံတင်ပေးထားခြင်းမရှိပဲလာရောက်တည်းခိုးသည့် အမျိုးသမီးတစ်ဦးကို ယနေ့ နေ့လယ်ပိုင်းက သေဆုံးနေလျှက်တွေ့ရှိခဲ့ကြောင်း နယ်မြေရဲစခန်းမှသိရသည်။ ယမန်နေ့ ဧပြီ(၂)ရက် ည(၁၁)နာရီအချိန်က ၎င်းအမျိုးသမီးသည် အမည်မသိအမျိုးသားတစ်ဦးနှင့်အတူ အခန်းအမှတ် C-001တွင်လာရောက်တည်းခိုခဲ့ကြပြီး အတူတည်းခိုသူအမျိုးသားမှာ ဧပြီ(၃)ရက် နေ့လယ် ၁နာရီခွဲအချိ န်က ပြန်လည်ထွက်ခွာခဲ့ပြီးနောက် မန်နေဂျာဖြစ်သူက အခန်းအားကြည့်ရှု့စစ်ဆေးခဲ့ရာ အမျိုးသမီး သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည့်အတွက် နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့သို့အကြောင်းခဲ့သည့်အပေါ် အမှတ်(၃)မှုခင်းတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးစိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ ဒုရဲမှူးဇော်နိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့ နယ်ရဲမှူးဇော်ဝင်းနိုင်၊ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအခန်းအတွင်းရှိ ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် စောင်ခြုံပြီးမျက်နှာတွင် တဘက်အဖြူ ရောင်အုပ်လျှက်ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင်…

မန္တလေးတွင် Online မှ ကာမစိတ်ကြွဆေးဝါးရောင်းချသူအား ဖမ်းဆီးအရေးယူ

ဧပြီ ၃ မန္တလေးမြို့  ချမ်းအေးသာစံမြို့ နယ်တွင် သင်္ကြန်ကာလမှုခင်းများလျော့နည်းကျဆင်းရေးအတွက် လိုင်စင်မဲ့အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး၊ ကာမစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် facebook online ကိုအသုံးပြု၍ ကာမစိတ်ကြွဆေးဝါးများ ရောင်းချသူကို ဖမ်းဆီးအရေးယူထားကြောင်း နယ်မြေစခန်းမှသိရသည် ယင်းမြို့ နယ်ရှိ ၂၈လမ်း ၇၆×၇၇ လမ်းကြားတွင် ဧပြီ၂ရက်၊နေ့လည်၁နာရီအချိန်က ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်အောင်ကိုဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၈)မြို့ မရဲစခန်းမှ ရဲအုပ်ထင်လင်းကျော်နှင့်ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ facebook online ကို အသုံးပြု ၍ ကာမဆေးဝါးများရောင်းချသည့်ဖုန်းနံပါတ်အတိုင်း ဖုန်းဆက် ချိန်းဆိုခဲ့ကာ စောင့်ဆိုင်နေစဉ် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူ သက်ထွဋ်အောင် အား သက်သေများရှေ့တွင်စစ်ဆေးခဲ့ကြသည်၊ ထိုသို့စစ်ဆေးခဲ့ရာ သက်ထွဋ်အောင်ဆိုသူထံတွင် Blue Wizard တံဆိပ်ပါအမျိုးသမီးသောက်ဆေးရည်(၃)ဘူး Play Boy တံဆိပ်ပါ အစိမ်းရောင်နှင့်အမည်းရောင်တွဲလျှက်အမျိုးသားသောက်ဆေးတောင့်(၃)တောင့်၊ အမျိုးသားအသုံးပြုသည့် ရာဘာစွပ်(၁)ခုတို့ကိုတွေ့ရှိခဲ့သဖြင့်…

စစ်ကိုင်း-မန္တလေးလမ်းတွင် လူတစ်ဦးသတ်ခံရ၊ ကျူးလွန်သူ ၅ဦးအနက် ၃ဦးဖမ်းမိ

မတ် ၃၀ မန္တလေးမြို့  ချမ်းမြသာစည်မြို့ နယ် စစ်ကိုင်း-မန္တလေးကားလမ်း(၈၆)လမ်း၊ ရွှေတချောင်းတံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသား(မိန်းမလျာ)တစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ငါးဦးအနက် သုံးဦးဖမ်းမိထားကြောင်း အမှတ် ၁၀မြို့ မရဲစခန်းမှသိရသည်။ မတ်လ၂၃ရက်၊ ည(၉)နာရီခွဲအချိန်က အမှတ်(၁၀)မြို့ မရဲစခန်းမှ ဒုရဲမှူးအောင်မျိုးလွင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် စစ်ကိုင်း-မန္တလေးကားလမ်းတွင် scoopyi ဆိုင်ကယ်နှင့်အတူ အသက် ၃၀အရွယ်အမျိုးသား(မိန်းမလျာ)တစ်ဦး ဒဏ်ရာများနှင့်အတူ လဲကျနေကြောင်း သတင်းရရှိသဖြင့်သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ယင်းနေရာတွင်ချွန်ထက်သောဒဏ်ရာများနှင့် လဲကျနေသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါဒဏ်ရာဖြင့် လဲကျနေသူကို ညာဘက်ရင်အုံချွန်ထက်သောအရာဖြင့် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ညာဘက်လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်လက်လက်မောင်းထိုးသွင်းဒဏ်ရာ လေးချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာတစ်ချက်တို့နှင့်အတူ တွေ့ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ လမ်းတွင် သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည် ” ကျွန်မတို့နဲ့အကယ်ဒမီပေးပွဲကြည့်ရင်းနဲ့ ဖုန်းလာလို့ထွက်သွားတယ်။ ညကျခုလိုမျိုးကြားရတာဘဲ။ ကျွန်မတို့ကအနေနဲ့ကအမှုမှန်အမြန်ဆုံးပေါ်ပေါက်စေချင်တယ်။ ပြစ်မှုကျူးလွန်သူကို…

အိမ်နီးချင်းကို ကြိုးတုတ်မုဒိန်းကျင့်၍ ခြံအလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော ဖလော်ရီဒါအမျိုးသား ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံရ

ဖလော်ရီဒါ၊ မတ်လ (၂၇) အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အနောက် Palm Beach တွင် မိမိအိမ်နီးချင်းကို ကြိုးတုတ်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ပြီးနောက် သူမ၏နေအိမ်အနီးရှိ ခြံတွင်အလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး ပြစ်မှုထင်ရှားသဖြင့် တနင်္လာနေ့တရားရုံးက ထောင်ဒဏ်နှစ် ၅၀ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။်ဂျူရီတရားသူကြီးများက အောက်တိုဘာလအတွင်း လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ မတရားချုပ်နှောင်ထားမှုနှင့် လက်နက်ကိုင်ဖောက်ထွင်းမှုတို့ဖြင့် တီမိုသီဝဲလ်ဒီးတွင် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် တရားသူကြီးက ထောင်ဒဏ်နှစ် ၅၀ အမိန့်ချမှတ်ခဲ့သည်။ ၂၀၁၇ အောက်တိုဘာလ၌ တီမိုသီက အသက် ၃၅ နှစ်အရွယ် သူ၏အိမ်နီးချင်းအိမ်ထဲသို့ အိမ်တံခါးများချိုးဖျက် ဝင်ရောက်ခဲ့ပြီး မိနစ်၉၀ ကြာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမုဒိန်းကျင့်ခဲ့သည်။ အဆိုပါအမျိုးသမီးကို ကြိုးဖြင့်တုတ်နှောင်၍ ဓါးဖြင့်ခြိမ်းခြောက်ခဲ့သည်ဟု တရားရုံးက စစ်ဆေးတွေ့ရှိကြောင်း…

မန္တလေးရှိနေအိမ်(၁)အိမ်တွင် မူးယစ်ဆေးသုံးစွဲရင်းသေဆုံးနေသည့် အမျိုးသားအလောင်းတွေ့

မတ် ၂၅ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့ နယ်မဟာအောင်မြေအ နောက်ရပ်ကွက်၊ အကွက်၅၂၇ရှိ နေအိမ်တစ်အိမ်တွင်အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲရင်း ဆေးလွန်သေဆုံးနေသည့် ရုပ်အလောင်းကို ယနေ့ နေ့လယ်ပိုင်းကတွေ့ ရှိခဲ့သည်ဟု အမှတ်(၇)နယ်မြေရဲစခန်းမှ သိရသည်။ ၄င်းရပ်ကွက်ရှိ ဒေါ်××× ၏နေအိမ်သုံးထပ်တိုက် ဒုတိယထပ်တွင် မိုးကုတ်မြို့ မှလာရောက်ပြီး ဌားရမ်းနေထိုင်သူလင်းထွန်း(၃၂)နှစ်ဆိုသူသည် မတ်(၂၄)ရက်နေ့လည်ပိုင်းမှစ၍ နေအိမ်တံခါးပိတ်ထားပြီး အပြင်သို့ဝင်ထွက်သွားလာသည်ကိုမတွေ့ရ၍ ယနေ့ (မတ် ၂၅ရက်) နေ့လယ်(၁)နာရီက ဒေါ်××× က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့သို့အကြောင်းကြားချက်အရ အမှတ်(၇)နယ်မြေ ရဲစခန်းမှ ရဲအုပ်ခင်ဇော်၊ ရဲတပ်ကြပ်သင်္ကြန်မိုးနှင့်ရဲတပ်ဖွဲ့ဝင်များသည် အသိသက်သေများနှင့်အတူ နေအိမ်ဒုတိယထပ်သို့သွားရောက်စစ်ဆေးခဲ့ကြရာ လင်းထွန်းအား ၎င်း၏အိပ်ယာဘေးတွင် မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကို တွေ့ရသဖြင့် ပက်လက်လှန်စစ်ဆေးခဲ့ရာ ဝမ်းဗိုက်အောက်မှ ဆေးထိုးအပ်တစ်ချောင်းနှင့် ဝဲဘက်လက်ကောက်ဝတ်တွင် ဆေးထိုးထားသည့် အပ်ရာများတွေ့ရပြီး…

မန္တလေးတွင် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ရတနာပုံခေတ်ဘုရားတစ်ဆူခိုးယူသူအား ဖမ်းဆီးအရေးယူ

မတ် ၂၅ မန္တလေးမြို့ ၊ အောင်မြေသာစံမြို့ နယ် ၊မင်းတဲအီကင်းရပ်၊ အကွက်(၁၀၉)၊ ၂၂လမ်း ၉၀×၉၁ လမ်းကြားရှိတောင်တွင်းကြီးကျောင်းတိုက်အတွင်း “ဝ” ကိုးလုံးဘုရားရှိ စကျင်ကျောက်ဖြင့်ထုထားသော ရတနာပုံခေတ်မှဘုရားတစ်ဆူခိုးယူသူကို ဖမ်းဆီးအရေးယူထားသည်ဟု အောင်မြေသာစံမြို့ မရဲစခန်း တာဝန်ကျရဲအရာရှိထံမှ သိရသည်။ ကျောင်းတိုက်အတွင်း ဝေယျာဝစ္စလုပ်ငန်းများ လုပ်နေကြစဉ် ကိုအောင်မျိုးကျော်၊ ကိုအောင်ကျော်မိုး၊ ဦးဥာဏ်၊ ဦးမျိုးကို၊ ဦးညီအောင်တို့သည် ”ဝ”ကိုးလုံးစေတီ ပုလ္လင်ပေါ်ရှိ စကျင်ဘုရားလေးဆူအနက် တောင်ဘက်အ စွန်းဆုံးရှိ စကျင်ဘုရားတစ်ဆူမှာ ပျောက်ဆုံးနေကြောင်းတွေရှိသဖြင့် ကျောင်းတိုက်မှ သံဃာတော်ဦးပဇင်းဘိုပန်းထံလျှောက်ထားပြီး ရဲစခန်းကိုအကြောင်းကြားခဲ့သည်။ ထိုသို့အကြောင်းကြားမှုအပေါ် အမှတ်(၅)မြို့ မရဲစခန်း မှ ရဲအုပ်မင်းသူနှင့်ရဲတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင် လိုက်လံရှာဖွေရာ တောင်တွင်းကြီးကျောင်းတိုက်အရှေ့ဘက်လမ်းကြားတွင် အမျိုးသားတစ်ဦးကို ပီနံအိတ်တစ်လုံးနှင့်အတူ မသင်္ကာစရာတွေရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းမှာ ခင်မောင်ဝင်းဆိုသူဖြစ်ပြီး ပီနံအိတ်ထဲတွင်လည်း ဘုန်းကြီးကျောင်းမှပျောက်ဆုံးသွားသောဘုရားဥာဏ်တော်…

ကင်မရွန်းနိုင်ငံသား ၂ဦးကို ဒေါ်လာအတုများ၊ အတုပြုလုပ်သောဆက်စပ်ပစ္စည်းများနှင့်အတူ ရန်ကုန်တွင် ဖမ်းမိ

မတ် ၂၂ ကင်မရွန်းနိုင်ငံသား(၂)ဦးကို အမေရိကန်ဒေါ်လာ အတုများ၊ အတုပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များနှင့်အတူ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံခြားငွေအတုများအား လက်ဝယ်ထားရှိ သုံးစွဲ၊ လဲလှယ်နေကြောင်း သတင်းအရ စုံစမ်းခဲ့ရာ ကင်မရွန်းနိုင်ငံသား Mr. Guillaume Nekndo Tchoungang (၃၃)နှစ် ကင်မရွန်းနိုင်ငံနေသူနှင့် Mr. Charles Abe Etounit (၄၆)နှစ် ကင်မရွန်း နိုင်ငံနေသူတို့အား…

ဖိလစ်​ပိုင်​တွင်​ ၁၆အရွယ်​မိန်းက​လေး(၁)ဦးကို လူ(၆)ယောက်က အုပ်​စုဖွဲ့မုဒိန်းကျင့်

မတ် ၂၁ ဖိလစ်​ပိုင်​ နိုင်​ငံ မနီလာမြို့ရှိ တွန်​ဒိုမှာ အသက်​ ၁၆ နှစ်​အရွယ်​မိန်းက​လေး​တစ်​ဦးအား အမျိုးသား ၆​ယောက်​က အုပ်​စုဖွဲ့မုဒိန်းကျင့်​ခဲ့​ကြောင်း အင်္ဂါ​နေ့မနက်​အ​စောပိုင်းမှာ ရဲတပ်​ဖွဲ့ထုတ်​ပြန်​တဲ့သတင်းအရသိရပါတယ်​။ ပြစ်​ဒဏ်​ကျူးလွန်​သူ​တွေဟာ မုဒိ​န်းအကျင့်​ခံရတဲ့ မိန်းက​လေးကို အရက်​အတူ​သောက်​ဖို့ အတွက်​ဖိတ်​​ခေါ်ခဲ့ပြီး သူမကိုအုပ်​စုဖွဲ့မုဒိန်းကျင့်​ခဲ့တာဖြစ်​တယ်​လို့ ရဲတပ်​ဖွဲ့ပြောဆိုချက်ကို ကိုးကားပြီး Philippine Daily က ဖော်ပြပါတယ်။ မုဒိန်းကျင့်​တဲ့အထဲမှာ ပါဝင်​တယ်​လို့ သံသယရှိသူတစ်​ဦးဖြစ်​တဲ့ အသက်​ ၂၀ အရွယ်​ ​ပေါလ်​ဆီးဒရစ်​ဒီဝါ ဆိုသူက မိန်းက​လေးကို သူ့အိမ်​မှာ အရက်​စု​သောက်​ကြဖို့ဖိတ်​​ခေါ်ခဲ့တယ်​လို့ ရက်​ဆာဘာဂိုရဲတပ်​ဖွဲ့က ဗုဒ္ဓဟူး​နေ့မနက်​ခင်းမှာ သတင်းထုတ်​ပြန်​ခဲ့ပါတယ်​။ မုဒိန်းအကျင့်​ခံရသူ မိန်းက​လေးငယ်​ဟာ ဒီဝါ အပါအ၀င်​ အခြားအမျိုးသား ၅ ​ယောက်​နဲ့ အတူတူအရက်​ထို​​င်​​သောက်​​နေခဲ့ပြီးတဲ့​နောက်​မှာ​တော့ မိန်းက​လေးဟာ အမူးလွန်​ပြီးလဲကျသွားခဲ့တယ်​။ ဒီအချိန်​မှာ ဒီဝါ ဟာသူမကို အခန်းအတွင်းသို့ ဆွဲသွင်းခဲ့ပြီးတဲ့​နောက်​…

အိန္ဒိယတွင် ၁၂နှစ်အရွယ်မိန်းကလေးကို အစ်ကိုအရင်းများနှင့် ဦးလေးတို့က မုဒိန်းကျင့် သတ်ဖြတ်၍ အလောင်းကိုစွန့်ပစ်ခဲ့

နယူးဒေလီ၊ မတ်(၂၀) ပြီးခဲ့သည့်တစ်ပတ်က အိန္ဒိယနိုင်ငံ မာဒါယာပရာဒရှ်ပြည်နယ်တွင် ၁၂ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့်ပြီးနောက် လည်ပင်းညှစ်သတ်ခံရပြီး သူမ၏ ဦးခေါင်းကိုဖြတ်၍ ခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့သည့် ရက်စက်သော လူသတ်မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့သည်။ ယင်းအမှုတွင် မိန်းကလေး၏ အစ်ကိုအရင်းများက မုဒိန်းကျင့် ခေါင်းဖြတ်သတ်ခဲ့သည်ဟု စွပ်စွဲထားပြီး အိန္ဒိယရဲတပ်ဖွဲ့က အစ်ကိုနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲအရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ် မိန်းကလေး၏ ဦးလေးကိုလည်း ရဲတပ်ဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ မိန်းကလေး၏အလောင်းကို ပြီးခဲ့သည့်အပတ်က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ၏ အကြီးဆုံးအစ်ကိုဖြစ်သူကို ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိသည်။ ယင်းအမှုတွင် ကျူးလွန်သူများဟု စွပ်စွဲထားသူများက အစပိုင်းတွင် ပြိုင်ဘက်မိသားစုကို အပြစ်ပုံချရန် ကြိုးစားခဲ့သော်လည်း ခရိုင်ရဲတပ်ဖွဲ့က ၎င်းတို့၏ ထွက်ဆိုချက်များကွဲလွဲနေခြင်းနှင့် အကြီးဆုံးအစ်ကို ပျောက်နေသည်ကို…

စင်္ကာပူတွင်အဆိုးဆုံးဖြစ်ရပ်ဟု ဖော်ပြခဲ့သည့် စင်္ကာပူဇနီးမောင်နှံ မြန်မာအိမ်ဖော်ကိုနှိပ်စက်မှု ထောင်ဒဏ်များ စီရင်ချက်ချ

စင်္ကာပူ၊ မတ်(၁၈) မြန်မာအိမ်ဖော်ကို အစားလုံလောက်အောင်မကျွေးပဲထားခြင်း သူမပျို့အန်သည့်အံဖတ်ကို ပြန်စားခိုင်းပြီး ရိုက်နှက်ခဲ့မှု၊ နှိပ်စက်မှုများကို သက်ဆိုင်ရာသို့ တိုင်ကြားပါက မိသားစုကိုပါ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် စင်္ကာပူဇနီးမောင်နှံကို တနင်္လာနေ့တွင် တရားရုံးမှ စီရင်ချက်ချမှတ်ခဲ့သည်။ စင်္ကာပူနိုင်ငံတစ်ဝှမ်း အိမ်ဖော်နှိပ်စက်သည့်အမှုများအနက် အဆုံးရွားဆုံးဖြစ်ရပ်ဟု အစိုးရရှေ့နေများက ဖော်ပြခဲ့သည့် ယင်းအမှုတွင် တရားခံလင်မယားမှာ လွန်ခဲ့ သည့်နှစ်နှစ်ကလည်း အခြားအိမ်ဖော်တစ်ဦးကို ရိုက်နက်မှု၊ ကန်ကျောက်မှု အတွင်းခံများလျှော်ခိုင်းမှု စသော နှိပ်စက်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်ဟု AFP သတင်းတွင် ဖော်ပြသည်။ အလုပ်ရှင် ချီရာယွန်လင်း ၄၃ နှစ်က မြန်မာအိမ်ဖော် မမိုးမိုးသန်း (၃၂နှစ်)ပျို့အန်စဉ်ကလည်း အံဖတ်ကို ပြန်စားရန် အမိန့်ပေးခဲ့ခြင်း၊ အိမ်သာကို အကန့်အသတ်ဖြင့်သာ အသုံးပြုခွင့်ပေးခြင်း၊ စိတ်မထင်သလို ကြိမ်ဖြင့်ရိုက်ခဲ့ပြီး ညှင်းပန်းမှုများကိုတိုင်ကြားပါက သူမ၏ မြန်မာနိုင်ငံမှ…