မန္တလေးတွင် ၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန် အားထုတ်သူဖမ်းမိ

မတ် ၁၇ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့ နယ်၊ အောင်ပင်လယ်ရပ်ကွက် တွင် အသက်(၄)နှစ်အရွယ်မိန်းကလေး ကို အဓမ္ပပြုကျင့်ရန် အားထုတ်သူကို ဖမ်းဆီးအရေးယူထားသည်ဟု အောင်ပင်လယ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ထွန်းဦးထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ် ၁၇ ရက်) နေ့လယ်(၂)နာရီက မိခင်ဖြစ်သူ မ××× သည် နေအိမ်အောက်ထပ်တွင် အမနှင့်ညီမဖြစ်သူတို့နှင့်အတူရှိနေစဉ် မ××××၏ ယောက်မဖြစ်သူ၏ မောင်ဖြစ်သူ ကျော်ထက်ဝင်းနှင့် သမီးဖြစ်သူ အသက်၎နှစ်အရွယ်တို့သည် နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် ကျော်ထက်ဝင်းက အဓမ္မပြုကျင့်ရန် အားထုတ်နေသည်ကို တူဖြစ်သူက တွေ့မြင်ခဲ့ကြောင်းပြောပြသိရှိသဖြင့်အပေါ်ထပ်သို့သွား ရောက်ကြည့်ရှု့ခဲ့ပြီး မေးမြန်းခဲ့ရာမှ သိရှိခဲ့ရသဖြင့် အရေးယူပေးပါရန် နယ်မြေရဲစခန်းတွင်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုင်တန်းခဲ့သည့်အပေါ် အောင်ပင်လယ်နယ်မြေ ရဲစခန်းမှ ကျော်ထက်ဝင်း(၂၂)နှစ် အောင်ပင်လယ်ရပ်ကွက်နေထိုင်သူကို (ပ) ၁၈၃/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၅၁၁ဖြင့် အမှုဖွင့်အရေးယူထားသည်။ By –…

ပဲခူးတိုင်းတွင် တရားမဝင်သစ်တင်ယာဉ် ထွက်ပြေးမောင်းနှင်စဉ် တိမ်းမှောက်

မတ် ၁၇ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း-ကျောက်ကြီးသွားကားလမ်း မိုင်တိုင်အမှတ် ၃/၀အနီး ဂွေးကုန်းကျေးရွာသို့သွားသည့်လမ်းထိပ်၌ မတ်လ၁၅ရက် နေ့လယ်ပိုင်းက တရားမဝင်ပိတောက်သစ်များ တင်ဆောင်ထားသော ယာဉ်ကို တာဝန်ရှိသူများက စစ်ဆေးမည်ပြုလုပ်စဉ် ထွက်ပြေးမောင်းနှင်ခဲ့ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်ထွန်းနှင့် သစ်တောဝန်ထမ်းများ ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်ကျော်ဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များနှင့်အုပ်ချုပ်ရေးမှူးများပူးပေါင်းအဖွဲ့သည် ပဲနွယ်ကုန်းကျောက်ကြီးသွားကားလမ်း မိုင်တိုင်အမှတ်၁/၅အနီး သဲကောကျေးရွာထိပ်ကားလမ်းဘေးတွင်ရှိသော ခြံဝန်းတစ်ခုအတွင်းတရားမဝင်ပိတောက်သစ်ကားတစ်စီးရောက်ရှိနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ခြံဝန်းအတွင်းမှ ယာဉ်အမှတ် MDY-5L/×××× FUSO၆ဘီးအဖြူရောင်ယာဉ်ကို ယာဉ်မောင်းကျော်ကျော်လွင်၄၅နှစ် ဂုဏ်တော်ရပ်ကွက်ပဲနွယ်ကုန်းမြို့နေသူနှင့် ယာဉ်ပေါ်ပါဖိုးတာ ၃၅နှစ်(စက်ပြင်) ပြည်တော်သာ၅လမ်းပဲနွယ်ကုန်းမြို့နေသူတို့က ကျောက်ကြီးမြို့ဘက်သို့ မောင်းပြေးစဉ် မိုင်တိုင်အမှတ်၃/၀ အရောက် လမ်းဘေး ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါသူတို့ ထိခိုက်ဒဏ်ရာမရရှိပဲ ခုန်ချထွက်ပြေးစဉ် တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သည်။ ယာဉ်မှာ ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ တရားမဝင်ပိတောက်သစ်ခွဲသား၃၂…

မန္တလေးတွင် အသက်၁၈နှစ်မပြည့်သေးသည့် မိန်းကလေး(၃)ဦးကို ပထွေးက အဓမ္မပြုကျင့်ရန်ကြံစည်သဖြင့် ဖမ်းဆီးအရေးယူ

မတ် ၁၆ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့ နယ်၊ ရဲမွန်တောင်ရပ်ကွ က်၊ ၅၄×၃၇လမ်းဒေါင့်ရှိ ကျူးကျော်တဲတွင်နေထိုင်သည့် အသက်၁၈နှစ်၊ ၁၄နှစ်နှင့် ၉နှစ်အရွယ် မိန်းကလေးသုံးဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် ပထွေးဖြစ်သူကို ဖမ်းဆီးအရေးယူထားသည်ဟု အမှတ်(၉)မြို့ မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မ××××သည် နေအိမ်တွင်ရှိနေစဉ် ညီမများဖြစ်ကြသည့် မ××××(၁၈)နှစ်၊ မ×××× (၁၄)နှစ်၊ မ××× (၉)နှစ်အရွယ် မိန်းကလေးသုံးဦးသည်၊ မတ်(၉)ရက်နေ့က နေအိမ်မှအပြင်သို့ထွက်သွားရာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် အမဖြစ်သူ မ×××× က နယ်မြေရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့သဖြင့် လူပျောက်အမှတ်စဉ် ၄/၂၀၁၉ ရေးဖွင့်ပြီး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုပြုလုပ်ခဲ့သည်။ ထိုနောက် စုံစမ်းရှာဖွေနေကြစဉ် မတ်လ ၁၂ ရက် နေ့က အမဝမ်းကွဲတော်စပ်သူ နေထိုင်သည့် တောင်ငူမြို့ နယ်၊ကျွဲပွဲမြို့ တွင်ရောက်ရှိနေကြောင်း…

နယူးဇီလန်တွင် ဒုတိယမြောက်ဗလီတိုက်ခိုက်စဉ် သေနတ်သမားကို လူငယ်တစ်ဦးက ခုန်အုပ်၍ သေနတ်ဝင်လုတားဆီးခဲ့သဖြင့် လူသေဆုံးမှု သက်သာခဲ့

ဝယ်လင်တန်၊ မတ်(၁၅) နယူးဇီလန်နိုင်ငံ ခရစ်စ်ချာခ်ျမြို့ရှိ အလ်နူဟ်ဗလီနှင့် လင်ဝူးဒ်ဆင်ခြေဖုန်းရှိ ဗလီတွင် သောကြာနေ့ဝတ်ပြုရန်လာရောက်ကြသူ ဒေသခံမွတ်စလင်များကို သေနတ်သမားတစ်ဦးက အော်တိုရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၄၉ ဦးသေဆုံးခဲ့သည်။ သေနတ်သမားက ဒုတိယမြောက်ဗလီတွင် လာရောက်ပစ်ခတ်နေစဉ် လူငယ်တစ်ဦးက သေနတ်သမားကို ဝင်ရောက်လုံးထွေး၍ သေနတ်ကိုလုယူလိုက်စဉ် သေနတ်သမားထွက်ပြေးသွား၍ နောက်ထပ်လူသေဆုံးမှု သက်သာခဲ့သည်ဟု ကိုယ်တွေ့ကြုံခဲ့သူ ဆယဒ်မဇ်ဟာရူဒင်က နယူးဇီလန် အခြေစိုက် NZ Herald သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါလင်ဝူးဒ်ဗလီပစ်ခတ်မှုတွင် အသက်ရှင်ကျန်ရစ်သူ ဆယဒ်မဇ်ဟာရူဒင်က သေနတ်သမား၏ ပစ်ခတ်သံများကြားနေရစဉ် သေနတ်သမားက အနီးကပ်ရောက်ရှိလာချိန်တွင် လူငယ်တစ်ဦးက နောက်ဖက်တစ်နေရာမှ လက်သီးဖြင့် ဝင်ထိုးပြီး သေနတ်ကိုလုယူလိုက်ကြောင်း လူငယ်က ဖမ်းဆီးရန်ကြိုးစားစဉ် လုယူထားသောသေနတ်ဖြင့် ပစ်ချိန်မရမှီ အကြမ်းဖက်သမားထွက်ပြေးလွတ်မြောက်သွားသည်ဟု ပြောကြားခဲ့သည်။ ” လူတွေကကြောက်ရွံ့နေတယ်။ အဲဒီမှာပတ်ဝန်းကျင်တစ်ခုလုံး အော်ဟစ်နေပြီးတော့…

မြောင်းမြအကျဉ်း​ထောင်​တွင်​ အကျဉ်းသားချင်း လူသတ်​မှုဖြစ်

မြောင်းမြ၊ မတ် ၁၅ ဧရာဝတီတိုင်း​ဒေသကြီး၊​မြောင်းမြမြို့နယ်​၊ အကျဉ်​​ထောင်းတွင်​ မတ်​လ ၁၄ ရက်​​နေ့က အကျဉ်းသားချင်းလူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ အကျဉ်းထောင်းတွင်​ ည​နေ ၅ နာရီအချိန်​ခန့်​က တစ်​ခန်းတည်း အတူ​နေသူက မိခင်​နှင့်​ထိခိုက်​​ပြောဆိုသဖြင့်​ မ​ကျေမနပ်​ဖြစ်​ကာ လူသတ်​မှု ဖြစ်​ပွားခဲ့​ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ ဖြစ်​စဉ်​မှာ တရားခံ အသက်​ ၂၂ နှစ်​အရွယ်​ ထွန်းထွန်းဦး​(ခ)ဘွတ်​ကလုံ (ခ) ချစ်​ရ​အောင်​ အိမ်​မဲမြို့မရဲစခန်းမှ ဆိုင်​ကယ်​ခိုးမှု၅ခုနှင့်​ ​ထောင်​ ၁၅ နှစ်​ကျခံ ​နေရသူသည်​ အိပ်​​ပျော်​​နေစဉ်​ မိခင်​နှင့်​ထိခိုက်​ဆဲဆိုခဲ့​သော​ကြောင့်​ အသက်​၅၈နှစ်​အရွယ်​ သိန်း​အောင်​ (ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ နှင့်​ ​ထောင်​ဒဏ်​ ၁၀နှစ်​ကျခံ​နေသူ)အား လက်​လုပ်​သံချွန်​ဖြင့်​ ဝဲဘက်​ ရင်​အုံနှင့်​ ​ချိုင်း​အောက်​သို့ထိုးသွင်းခဲ့ရာ ရရှိခဲ့​သောဒဏ်​ရာဖြင့်​ ​မြောင်းမြ​ဆေးရုံး၌ ​သေဆုံးခဲ့​ကြောင်း ​မြောင်းမြမြို့မရဲစခန်းမှူး ဒုရဲမှူး​ အောင်​​ဇော်​မင်းထံမှ…

နယူးဇီလန်တွင် (၄၉)ဦးသေဆုံး၊ (၄၈)ဦး ဒဏ်ရာရခဲ့သည့် ဗလီ(၂)လုံးသေနတ်ပစ်မှု သေနတ်သမားကို ဖမ်းဆီးမိ

ဝယ်လင်တန်၊ မတ်(၁၅) နယူးဇီလန်နိုင်ငံတွင် သောကြာနေ့က ဗလီနှစ်လုံးတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းမှု သဟဇာတဖြစ်မှုနှင့် သေနတ်ပစ်အကြမ်းဖက်မှုများ မရှိသလောက်နည်းပါးသည့်နိုင်ငံဟု နယူးဇီလန်၏ဂုဏ်သတင်းကျော်ကြားမှုပုံရိပ်မှာ ထိခိုက်ခဲ့ရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ရေးသားဖော်ပြသည်။ သောကြာနေ့ နေ့လည်ပိုင်းက နယူးဇီလန်နိုင်ငံ ခရစ်ချာခ်ျမြို့ရှိ ဗလီနှစ်လုံးကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်မှုတွင် လူပေါင်း ၄၉ သေဆုံးခဲ့ကြောင်း၊ လူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တဦးမှာ သြစတြေးလျလူမျိုး နယူးဇီလန်နိုင်ငံသားဖြစ်ပြီး လူသတ်မှုဖြင့် တရားစွဲဆိုထားကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ပြောကြားသည်။ ဗလီနှစ်လုံး၏အပြင်ဘက် အနီးအနားတွင် လက်နက်များဖမ်းဆီးရမိထားပြီး အထူးရဲတပ်ဖွဲ့က နယူးဇီလန်နိုင်ငံတဝှမ်း ဗလီများအနီးတွင် လုံခြုံရေးချထားပေးထားမည်ဖြစ်ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့ကော်မရှင်နာ မိုက်ဘုရှ်က ပြောကြားခဲ့သည်။ သောကြာနေ့ ဝတ်ပြုလာရောက်ခဲ့ကြစဉ် ဗလီနှစ်လုံး သေနတ်ပစ်ခတ်မှုအတွင်း အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ ၄၈ ဦးရှိပြီး ၂၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြာင်း “နယူးဇီလန်မှာ…

လက်ကိုလွှစက်ဖြင့်ဖြတ်၍ အာမခံကြေး လိမ်လည်တောင်းဆိုသည့် ဆလိုဗေးနီးယားအမျိုးသမီး အဖမ်းခံရ

လန်ဒန်၊ မတ်(၁၃) ဆလိုဗေးနီးယားနိုင်ငံမှ အမျိုးသမီးတစ်ဦးက အာမခံကြေးပိုက်ဆံထုတ်ယူရန် ရည်ရွယ်ချက်ရှိရှိ လက်ကိုလွှစက်ဝိုင်းဖြင့် ဖြတ်ခဲ့သည့်အတွက် ထောင်ဒဏ်ရှစ်နှစ်အထိ ကျခံရနိုင်သည့်အမှုနှင့် ရင်ဆိုင်နေရသည်ဟု အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ အသက် ၂၁ နှစ်အရွယ်အမျိုးသမီးက သူမဆွေမျိုးများ၏ ကူညီပေးမှုဖြင့် လက်ကိုဖြတ်၍ အာမခံကြေးငွေ ယူရို ၄၀၀၀၀၀ တောင်းဆိုရန် မျှော်လင့်ခဲ့သည်ဟု ဆလိုဗေးနီးယားရဲတပ်ဖွဲ့က ပြောကြားသည်။ သူမက သစ်ပင်အကိုင်းအခက်ဖြတ်တောက်စဉ် သူမ၏ ဘယ်ဘက်လက်ကောက်ဝတ်အထက်တွင် အပြင်းအထန် ထိခိုက်မိသည်ဟု ပြောဆိုထားသည်။ မိသားစုဝင်များက ပြတ်သွားသောလက်ကို ဆေးရုံသို့ ယူလာရမည့်အစား အိမ်တွင်ထားရစ်ခဲ့၍ မသန်စွမ်းအမြဲတမ်းဖြစ်စေရန် လုပ်ဆောင်ခဲ့သည်ဟု အရာရှိများက ပြောကြားသည်။ သို့သော် ဆရာဝန်များက အချိန်မီ လက်ကို ပြန်ဆက်ပေးခဲ့သည်။ သူမမိသားစုက ယခုနှစ်အစောပိုင်းတွင် ကုမ္ပဏီငါးခုနှင့် အာမခံစာချုပ်များလက်မှတ်ရေးထိုးခဲ့ကြပြီးနောက် အဆိုပါဖြစ်ရပ် ဖြစ်လာခဲ့သည်။ ရဲတပ်ဖွဲ့က…

မန္တလေးတွင် တည်းခိုခန်းအခန်းအတွင်းမှ ရွှေထည်၊ ဟန်းဖုန်းနှင့် ငွေကျပ်သိန်း၂၀ကျော် ခိုးယူသည့်အမျိုးသမီးအား ဖမ်းဆီးအရေးယူထား

မတ် ၉ မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့ နယ်၊ ၃၄×၆၉ လမ်းဒေါင့်ရှိတည်းခိုခန်းတွင် ရွှေထည်ပစ္စည်း ၃၄သိန်းကျပ်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ၊ ဟန်းဖုန်း သုံးလုံးနှင့် ငွေကျပ်သိန်း ၂၀ကျော် ခိုးယူသွားသူကို ယမန်နေ့ (မတ် ၈ရက်) က ဖမ်းဆီးရမိသည်ဟု အမှတ်၃နယ်မြေရဲစခန်းမှ သိရသည်။ တည်းခိုခန်း အခန်းအမှတ်(B-2,A-1)တွင် ဦးအောင် ဟိန်းနှင့် မိသားစုများသည် သမီးဖြစ်သူ ဘွဲ့ယူရန်အတွက်လာရောက်တည်းခိုစဉ် မတ်လ ၅ ရက်၊ မနက် ၃အချိ န်က OPPO ၊ SAMSUNG ၊ HONDA အမျိုးအစားဟန်းဖုန်းများ၊ ငွေကျပ် သိန်း(၂၀)ကျော်နှင့် မီးလင်းရွှေလက်စွပ်မောင်းကွင်းနှစ်ကွင်း တန်ဖိုး(၄)သိန်းကျော်၊ နှစ်ပင်ပူးရွှေလက်ကောက် ငါးကွင်း တန်ဖိုး(၁၅)သိန်းခန့်၊ ရွှေဆွဲသီးပါဆွဲကြိုး တန်ဖိုး၁၅သိန်းတို့ ပျောက်ဆုံးခဲ့သဖြင့် ခိုးယူသူအားအရေးယူပေးပါရန် နယ်မြေရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်သည်။…

ဒဂုံဆိပ်ကမ်းမြို့နယ်က (၂)လောင်းပြိုင်လူသတ်မှု ၂၄နာရီအတွင်း တရားခံဖမ်းမိ

ရန်ကုန်၊ မတ် ၇ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်၊ အေ(၉)လမ်းတွင် ယမန်နေ့က လူနှစ်ဦးသတ်ခံရမှုဖြစ်ပွားခဲ့ပြီး ၂၄နာရီအတွင်း တရားခံဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့သတင်းထုတ်ပြန်သည်။ အေ(၉)လမ်း တိုက် (၅/၂၀၄)ရှိ ဧည့်ခန်းအတွင်း၌ မွေ့ရာဆိုင်အရောင်းဝန်ထမ်း များဖြစ်သော ဟိန်းမင်းအောင်၊ (၂၇) နှစ်မှာ ထိုးသွင်းဒဏ်ရာများဖြင့် လည်းကောင်း၊ မမြင့်မြင့်ဝင်း၊ (၂၃)နှစ်မှာ ကုတင်ပေါ်၌ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့် သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယမန်နေ့ (မတ် ၆) ညနေ ၆း၄၅ အချိန် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှူးက တရားလိုပြုလုပ်၍ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း (ပ)၄၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မွေ့ရာဆိုင်အရောင်းဝန်ထမ်း ထက်ရှိုင်း(ခ)ဖိုးထက်ဖြစ်ကြောင်းသိရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးရှိ…

ဖေ့ဘုတ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် NLD ပါတီ ကို ဆဲဆို၍ ဂုဏ်သိက္ခာညိုးနွမ်းကျဆင်းအောင် ရေးသားဖော်ပြသူအား အရေးယူပေးရန် တိုင်တန်း

မန္တလေး မတ် ၇ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကို ဆဲဆို၍ ဂုဏ်သိက္ခာညိုးနွမ်းကျဆင်းအောင် ရေးသားဖော်ပြသည့် Thit Nil ဖေ့ဘုတ်အကောင့်ပိုင်ရှင်ကို အရေးယူပေးရန် မန္တလေး အမှတ်(၃)နယ်မြေရဲစခန်းတွင် တိုင်ကြားထားကြောင်း ၎င်းရဲစခန်းမှ သိရသည်။ Thit Nil ဖေ့ဘုတ် အကောင့်ပိုင်ရှင်သည် (၂၀၁၈)ခုနှစ်၊ စက်တင်ဘာ (၁၆)ရက်၊ ည(၈)နာရီ (၅၅)မိနစ်အချိန်က 2d3d ပေါက်ဂဏာန်းများ ဖေ့ဘုတ်ဂရုတစ်ခုတွင် NLD ပါတီနှင့် အစိုးရကို ဆဲဆိုရေးသားကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ဓါတ်ပုံပေါ်တွင် ညစ်ညမ်းစာရေး၍ အကောင့်ပိုင်ရှင်က ၎င်း၏ရုပ်ပုံ ၃ပုံနှင့်တကွ ပိုစ့်တင်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသို့ Thit Nil အကောင့်ပိုင်ရှင်က လူမှုကွန်ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင်ရေးသားထားသည်ကို တွေ့ရသဖြင့်…