အကြံကြီးတဲ့ အရက်သမားတွေ

ဒီဇင်ဘာ ၆ နယူးဇီလန်နိုင်ငံမှာ နယူးရီးယားရက်ဆိုရင် အရက်သေစာသောက်စားမှုပိတ်ပင်ထားပေမယ့် အကြံကြီးတဲ့ နယူးဇီလန်သားတစ်ချို့က မရရအောင် သောက်စားမူးယစ်ခဲ့ပါတယ်။ သူတို့တွေဟာ ရဲအဖမ်းမခံရဖို့အတွက် ကိုရိုမန်ဒယ်ကျွန်းဆွယ်အလွန်မှာ ကိုယ်ပိုင်ကျွန်းငယ်လေးတည်ဆောက်ပြီး သောက်စားခဲ့ကြတာပါ။ အဲဒီကျွန်းဟာ နိုင်ငံတကာရေပိုင်နက်ထဲကျရောက်နေတာကြောင့် နယူးဇီလန်ရဲ့ နယူးရီးယား အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာမှာ အရက်မသောက်ရ ဥပဒေမသက်ရောက်တော့ပါဘူး။ နယူးဇီလန် ကိုရိုမန်ဒယ်ကျွန်းဆွယ်တစ်ခုလုံးမှာ နယူးရီးယားကာလအတွင်း ဆူပူသောင်းကျန်းမှုတွေမဖြစ်အောင် အရက်မသောက်ဖို့ဥပဒေထုတ်ပြန်ထားပြီး ဥပဒေဖောက်ဖျက်ခဲ့ရင် ဒေါ်လာ ၂၅၀ အထိ ဒဏ်ကြေးဆောင်ရမှာဖြစ်ပါတယ်။ အဲဒီနေ့မှာ ရဲတွေက အရက်သောက်စားသူရှိမရှိ ကင်းလှည့်စစ်ဆေးခဲ့ကြပြီးဝန်ဂါမာတာမြို့ကမ်းလွန် ပေအနည်းငယ် ပင်လယ်ထဲမှာ ကိုယ်တိုင်ဆောက်ထားတဲ့ တစ်ထိုင်စာကျွန်းငယ်လေးတွေပေါ်မှာ သောက်စားနေသူကို တွေ့ခဲ့ရပေမယ့် ဒီတိုင်းရပ်ကြည့်ခဲ့ရပါတယ်။ #MUNA /နိုင်သူရ

အိန္ဒိယကဆိုင်ကယ်နတ်

အောက်တိုဘာ ၂၀ အိန္ဒိယနိုင်ငံရာဂျက်စတန်ပြည်နယ် Jodhpur မြို့ကနေကီလိုမီတာ ၅၀ အကွာနိုင်ငံ့အဝေးပြေးလမ်းမကြီးအမှတ် ၆၅ မှာဘုရားကျောင်းတစ်ကျောင်းရှိပါတယ်။ အဲဒီဘုရားကျောင်းက နိုင်ငံတလွှားကရှိရှိသမျှဘုရားကျောင်းတွေထက် တမူထူးခြားနေပါတယ်။ သူတို့ကိုးကွယ်တဲ့ နတ်ဟာဟိန္ဒူဘုရားတွေမဟုတ်ဘဲ Royal Enfield 350cc အမျိုးအစားဆိုင်ကယ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆိုင်ကယ်ပိုင်ရှင်တို့ပါတဲ့။ ဘုရားကျောင်းနာမည်ကတော့ “ဥုံဘနာသို့မဟုတ် ကျည်ဆန်ဘာဘာ” တဲ့။ ဒီဘုရားကျောင်းကိုလွန်ခဲ့တဲ့ ၁၀ စုနှစ်သုံးစုအရင်က ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုနောက်ပိုင်းမှာတည်ခဲ့ကြတာပါ။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာဥုံဆင်းရာထိုးလို့ခေါ်တဲ့ အသက် ၂၃ နှစ်အရွယ် ပါဠိခရိုင် ချိုတီလာရွာသကြီးသားဟာအိမ်ပြန်လာနေတုန်းအရှိန်မထိန်းနိုင်ဘဲဆိုင်ကယ်နဲ့ သစ်ပင်တိုက်မိပြီးသေခဲ့ပါတယ်။ တိုက်တဲ့အရှိန်ပြင်းတာကြောင့် လူဟာဆိုင်ကယ်ပေါ်ကနေပေ ၂၀ လောက် လွင့်စင်ကျခဲ့ပြီးနေရာမှာတင်ပွဲချင်းပြီးခဲ့တာပါ။ သူ့အလောင်းကိုနောက်နေ့မှာရှာတွေ့ခဲ့ပါတယ်။ “ကျည်ဆန်” လို့အမည်ပေးထားတဲ့ ဆိုင်ကယ်အပျက်အစီးကိုရဲစခန်းကိုသွားခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထူးထူးဆန်းဆန်းကိစ္စတွေစဖြစ်ပါတော့တယ်။ နှုတ်ရာဇဝင်အရတော့ စခန်းမှာဆိုင်ကယ်ကိုသိမ်းထားတုန်းပျောက်သွားခဲ့တယ်။ ရှာတဲ့အခါ အခင်းဖြစ်ပွားရာနေရာမှာပြန်တွေ့တာကြောင့်…

လျှာ ဒို ဘီ

အများသူငါ အတွက် အတုယူစရာ၊ ဗဟုသုတ ရစရာ၊ မှတ်သားစရာ အကြောင်းအရာ လေးတစ်ခုကို တင်ပြလိုက်ပါတယ်။ လိုက်နာ ကျင့်သုံး ကြလိမ့်မယ် လို့လည်း မျှော်လင့်မိပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ချာတိတ်လေး တစ်ယောက် ရှိပါတယ်။ ရပ်ကွက်ထဲက တခြား ချာတိတ်တွေနဲ့ ဆော့တဲ့ အခါကျရင် သူက နေရာတကာ ဗိုလ်ဖြစ်ပါတယ်။ ကလေးတွေ ကြားထဲ အခက်အခဲ တခုခုကြုံလာ ရင်လည်း သူက ဖြေရှင်းလေ့ ရှိပါတယ်။ ဒီလိုနဲ့ တနေ့ ကျွန်တော်တို့ ခြံရှေ့မှာ သူတို့ ကလေးအုပ်စု ဘောပင်တွေ၊ စာအုပ်တွေနဲ့ ကစားနည်း တစ်ခုကို ကစားနေကြပါတယ်။ အားလုံးလည်း သိကြမှာပါ။ ဒေါင်လိုက် ကန့်လန့်ဖြတ် နှစ်ကြောင်း၊ အလျားလိုက် ကန့်လန့်ဖြတ်…