White Moose (ချို ပြားဒရယ်ဖြူ )

ဆွီဒင်နိုင်ငံမှာ အကောင် (၁၀၀) မျှသာ ကျန်တော့တဲ့ ဒရယ်ဖြူ ချိုပြားမျိုးနွယ်ဝင် ဖြစ်ပါတယ်။ တွေ့ရခဲလှလို့ MUNA ပရိသတ်များအတွက် ဗဟုသုတအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

Editor’s Pick Status

ပြီးခဲ့တဲ့ရုံးပိတ်ရက်အတွင်းမှာ Snowden ဆိုတဲ့ ရုပ်ရှင်ကြည့်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ပါ။ Snowden ဟာ CIA ဝန်ထမ်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ National Security Agency (NSA) ရဲ့ Global Surveillance Program အပါအဝင် အခြား Program ပေါင်းများစွာကို ပေါက်ကြားစေခဲ့သူ ဖြစ်ပါတယ်။ သူနဲ့ ပတ်သက်ပြီး အယူအဆအမျိုးမျိုးကွဲပြားကြပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာ ရှုထောင့်က ကြည့်ရင် သူ့အပြုအမူနဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိပါ။ နိုင်ငံကို သစ္စာဖောက်ဖျက်သူအဖြစ် သတ်မှတ်ရမှာပါ။ လက်ရှိတော့ ရုရှားမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်လျက်ရှိပါတယ်။ သူ့ကို အဖေ ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိနဲ့ အမေ ခရိုင်တရားသူကြီးတို့ကနေ ၁၉၈၃ မှာ မွေးဖွားပါတယ်။ အဖိုးဖြစ်သူကလည်း ကမ်းခြေစောင့်တပ်ဖွဲ့မှာ ဗိုလ်ချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး…

ဖုန်းတစ်လုံးရှိရုံနဲ့ Online ငွေရှာခြင်းကို စတင်မယ်။

ပထမဆုံးအကြံပေးချင်တာက ဆိုဒ်ပေါင်းများစွာမှာလျောက်မလုပ်မိဖို့ပါပဲ … ဘာလို့လဲဆိုတော့ မိမိပြန်ရမယ့်ငွေ( satoshi ) ထက်ပိုပြီးဖုန်းဘေဖိုးပိုကုန်ပါလိမ့်မယ် … wifi free ရလို့ဆိုရင်တော့ ကြိုက်သလောက်လုပ်ပါ … မိမိဖုန်းဘေနဲ့လုပ်မယ်ဆိုရင်တော့ Mobile data အသုံးပြုမှုနဲ့ပြန်တွက်ပြီးမိမိအတွက်အမြတ်ကျန်မယ့်ဆိုဒ်မျိုးတွေမှာသာလုပ်သင့်ပါတယ်… ခု Beginners တွေစတင်ငွေရှာတော့မယ်ဆိုရင်အကောင်းဆုံးလုပ်သင့်တဲ့ဆိုဒ်၃ခုကိုမိတ်ဆက်ပေးပါမယ်။ 1. Freebitco.in တစ်နာရီတစ်ခါ satoshi free ပေးပါတယ် … တစ်ခါ free ပေးရင် $200 (နှစ်သိန်းကျပ်ဝန်းကျင်)ထိကံစမ်းနိုင်မှာပါ.. တစ်ပတ်တစ်ခါ ထီဖောက်ပေးပါတယ် .. ထီလက်မှတ်ကတော့ တစ်နာရီတစ်ခါ Free claimတိုင်းထီလက်မှတ်နှစ်စောင်အလကားပေးပါတယ် … Free ပေးတဲ့ satoshi နဲ့ထီလက်မှတ်ပြန်ဝယ်ပြီး ကံစမ်းနိုင်ပါတယ် … နောက်တစ်ခုက bet ကစားနိုင်ပါတယ် … တစ်ပတ်တစ်ခါ ထီဖောက်ပေးလို့ First Prize…

အင်တာနက်ကို လုံခြုံစွာ ဘယ်လိုသုံးမလဲ

လူမှူကွန်ယက်တွေကို အင်တာနက်ကနေတဆင့် လူတိုင်းလိုလို သုံးစွဲနေကြတဲ့ အခုလို ခေတ်ကာလမှာ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ အရေးကြီးမှတ်တမ်းတွေကို လုံခြုံမှုရှိစေဖို့ အရေးကြီးပါတယ်။ အောက်က ဗွီဒီယိုဖိုင် ကိုကြည့်ရှူပြီး ကျနော်တို့ရဲ့ အချက်အလက်တွေ အင်တာနက်လူမှူကွန်ယက်တွေကနေ ဘယ်လိုခိုးယူခြင်းခံနေရလဲဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။

ခရီးသွားတိုင်းလိုအပ်မယ့်Apps (၁၄) မျိုး

ကမ္ဘာကရွာဖြစ်လာတဲ့ခေတ်မှာ ခရီးသွားဝါသနာပါသူတွေပိုပိုများလာပါတယ်။ နည်းပညာခေတ်လည်းဖြစ်တော့ စမတ်ဖုန်းတွေ လူတိုင်းကိုင်နိုင်လာကြပါပြီ။ ဖုန်းကင်မရာတွေကလည်း ကောင်းလာတော့ ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား ဖုန်းလေးတစ်လုံးရှိရင် အတော့်ကို အဆင်ပြေနေပါပြီ။ ဒီတစ်ခါမှာတော့ ခရီးစဉ်တွေအကြောင်း မဟုတ်ဘဲ ခရီးထွက်တဲ့အခါတိုင်း နုမြတ်သုံးလေ့ရှိတဲ့ Phone Application တွေ အကြောင်းမျှဝေလိုက်ပါတယ်။ Apple ios ရော Android ဖုန်းအတွက်ပါ ပါပါတယ်။ အားလုံး Free App တွေပါ။ ဒီ List ထဲမပါပေမဲ့ သူများတွေအတွက် အသုံးတည့်မယ့် App တွေရှိရင်လည်း Comment မှာ ပြောပြပေးသွားကြပါနော်။ ခရီးမသွားခင် (Before Trip) ——————————————————–   (ဟိုတယ်တွေ Booking လုပ်ဖို့) နုမြတ်ကတော့ #Agoda မှာလုပ်နေကျပါ။ မြန်မာပြည်က Visaကတ် Master ကတ်လက်ခံသလို ကိုယ်သွားမယ့်နေ့ရယ်…

Dr. Henry Lee ရဲ့ လျှို့ဝှက်သည်းဖို မှုခင်းဖော်ထုတ်မှူ (၃)

Author: Nine Nine SaNay အခင်းဖြစ်ပွားရာနေရာကို တားဆီးထိန်းသိမ်းတာဟာ အမှုတစ်ခုကိုစုံစမ်းဖော်ထုတ်နိုင်ဖို့ အရေးအကြီးဆုံးအချက်ဖြစ်တယ်။ ခြေရာလက်ရာမပျက်ထိန်းသိမ်းထားတဲ့ အခင်းဖြစ်ရာနေရာမှာ ပြစ်မှုကျူးလွန်သူရဲ့ လက်ဗွေရာ၊ ခြေရာ၊ အမွှေးအမျှင်တွေကို မှုခင်းဆေးဝန်ထမ်းတွေက ရနိုင်မှာဖြစ်တယ်။ ဒီလိုလက်ဗွေရာ၊ ခြေရာနဲ့ သက်သေခံပစ္စည်းတချို့က သာမန်မျက်စိနဲ့ မြင်ချင်မှမြင်နိုင်တယ်။ ဒါပေမယ့် ဓာတုဆေးတချို့၊ လေဆာ ဒါမှမဟုတ် ကိရိယာတချို့နဲ့ ဒီလိုဖုံးကွယ်နေတဲ့အရာတွေကို မြင်နိုင်၊ ရယူနိုင်တယ်။ အခင်းဖြစ်ရာက အိမ်ပြင်ပဆိုရင် ဖိနပ်ရာ အတိမ်အနက်နဲ့ ဦးတည်ရာကိုကြည့်ပြီး ပြစ်မှုကျူးလွန်သူရဲ့ ကိုယ်အလေးချိန်၊ သွားလာတဲ့လမ်းကြောင်းကို ရယူနိုင်တယ်။ . အခင်းဖြစ်ရာနေရာကို ထိန်းသိမ်းဖို့ အရေးအကြီးဆုံးအချက်က ခြေရာလက်ရာမပျက်ထိန်းသိမ်းတာပါပဲ။ အခင်းဖြစ်ရာနေရာကို အရင်ဆုံးရောက်တဲ့ရဲဝန်ထမ်းက အဲဒီနေရာကို ဘယ်သူမှဝင်လို့မရအောင်၊ သက်သေခံပစ္စည်းတွေ ဖျက်ဆီးမိတာမျိုးတွေမဖြစ်အောင် စည်းတားထားရတယ်။ အမှုစစ်ရဲ ဒါမှမဟုတ် မှုခင်းဆေးဝန်ထမ်းတွေကလည်း အခင်းဖြစ်ရာနေရာထဲမဝင်ခင် အခင်းရဲ့အခြေအနေကို…

Dr. Henry Lee ရဲ့ လျှို့ဝှက်သည်းဖို မှုခင်းဖော်ထုတ်မှူ (၂)

Author: Nine Nine SaNay ဒီမြို့က ရဲဌာနကလည်း တခြားမြို့က ရဲဌာနလိုပဲ အမှုသေးတွေ ဒါမှမဟုတ် ယာဉ်မတော်တဆမှုတွေသာ အဓိကဖြေရှင်းဖူးတာပါ။ လူသေမှုတွေဖြစ်ရင်တော့ ပြည်နယ်ရဲဌာနက တာဝန်ယူဖြေရှင်းပါတယ်။ ပြည်နယ်ရဲဌာနကရဲတွေ Torringtonမြို့မှာ လူသေမှုဖြစ်တယ်လို့လည်းကြားရော ကျွန်တော်တို့ ရာဇဝတ်မှုကျူးလွန်သူဖော်ထုတ်ရေးဓာတ်ခွဲခန်းက ဝန်ထမ်းတွေကို ချက်ချင်းဖုန်းဆက်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ လာရောက်ကူညီစုံစမ်းစစ်ဆေးဖို့ အကြောင်းကြားတော့တယ်။ . အခန်း (၂) အခင်းဖြစ်ပွားရာ စုံစမ်းဖော်ထုတ်မှု . အဲဒီတုန်းက ကျွန်တော်ဟာ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးအဖြစ် တာဝန်စထမ်းဆောင်ကာစရှိသေးတယ်။ သွားရလာရအဆင်ပြေအောင်ဆိုပြီး အနီးနားက Orange မြို့လို့ခေါ်တဲ့ မြို့မှာ ရေကူးကန်ပါတဲ့အိမ်တစ်လုံး ဝယ်လိုက်တယ်။ ကျွန်တော်ကလေးနှစ်ယောက် လှုပ်ရှားဆော့ကစားလို့ရတဲ့ နေရာရှိအောင်ပေါ့။ . ရေကူးကန်ပါတဲ့အိမ်မျိုး ကျွန်တော်တစ်ခါမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် ရေကူးကန်သန့်ရှင်းရေးလုပ်ဖို့ မိတ်ဆွေတချို့ကိုမေးရတယ်။ အလုပ်အားလပ်ချိန် စနေ၊ တနင်္ဂနွေနေ့မှာ…

ဟက်ကာ တစ်ဦး ဘယ်လိုဖြစ်လာနိုင်မလဲ

Eric Steven Raymond ရဲ့How To Become A Hacker ကို ကိုစံပီးက ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အကျိုးရှိ ပို့စ်ရှည်ရှည်ကြီး တစ်ခု ဖြစ်တဲ့အတွက် ကျွန်တော် ပြန်လည် ဝေမျှလိုက်ပါတယ်။ ကဲ .. ဖတ်ကြည့်လိုက်ပါတော့ ….။ ============================================================== ဟက်ကာ ဖြစ်ချင်တယ်… ဟက်ကာဆိုတာ ဘာလဲ…ဒီမေးခွန်းက အရမ်းကို တွေ့ရတာ များပါတယ်…. ကျွှန်တော်လည်း သေချာမသိပါဘူး… လေ့လာ ကြည့်တဲ့အခါ နည်းပညာပိုင်း ဆိုင်ရာမှာ ကျွှမ်းကျင်မှု ရှိပြီးတော့ ပြသနာတွေကို ဖြေရှင်းရတာကို နှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့ သူတွေကို ခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောက မှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ…

လျှာ ဒို ဘီ

အများသူငါ အတွက် အတုယူစရာ၊ ဗဟုသုတ ရစရာ၊ မှတ်သားစရာ အကြောင်းအရာ လေးတစ်ခုကို တင်ပြလိုက်ပါတယ်။ လိုက်နာ ကျင့်သုံး ကြလိမ့်မယ် လို့လည်း မျှော်လင့်မိပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ချာတိတ်လေး တစ်ယောက် ရှိပါတယ်။ ရပ်ကွက်ထဲက တခြား ချာတိတ်တွေနဲ့ ဆော့တဲ့ အခါကျရင် သူက နေရာတကာ ဗိုလ်ဖြစ်ပါတယ်။ ကလေးတွေ ကြားထဲ အခက်အခဲ တခုခုကြုံလာ ရင်လည်း သူက ဖြေရှင်းလေ့ ရှိပါတယ်။ ဒီလိုနဲ့ တနေ့ ကျွန်တော်တို့ ခြံရှေ့မှာ သူတို့ ကလေးအုပ်စု ဘောပင်တွေ၊ စာအုပ်တွေနဲ့ ကစားနည်း တစ်ခုကို ကစားနေကြပါတယ်။ အားလုံးလည်း သိကြမှာပါ။ ဒေါင်လိုက် ကန့်လန့်ဖြတ် နှစ်ကြောင်း၊ အလျားလိုက် ကန့်လန့်ဖြတ်…