ကမ္ဘာ့အမြင့်ဆုံး နဲ့ အကျယ်ဆုံး ရေတံခွန်- ဗစ်တိုးရီးယား

MUNA ဗစ်တိုးရီးယား ရေတံခွန်ဟာ အာဖရိက တောင်ပိုင်း ဇင်ဘာဘွေနဲ့ ဇမ်ဘီယာ နယ်စပ်ရှိ ဇမ်ဘီဇီမြစ်ပေါ်မှာ တည်ရှိပါတယ်။ ဒီရေတံခွန်ကို (နယ်ခံပြင်ပ) ပထမဆုံး စတင်တွေ့ရှိသူက စကော့သာသနာပြု ဒေးဗစ်လစ်ဗင်းစတုန်း ဆိုသူပဲဖြစ်ပါတယ်။သူဟာ ဇမ်ဘီဇီမြစ်လယ် ကျွန်းလေးတစ်ခုပေါ်ကနေ ရေတံခွန်ကို ၁၈၅၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ယခုအခါမှာတော့ သူတွေ့ခဲ့တဲ့နေရာဖြစ်တဲ့ အဆိုပါ ကျွန်းလေးကို လစ်ဗင်းစတုန်း ကျွန်း လို့ နာမည်ပေးထားပါတယ်။ လစ်ဗင်းစတုန်းကတော့ ဗစ်တိုးရီးယား ဘုရင်မကြီးကို ဂုဏ်ပြုသောအားဖြင့် ဗစ်တိုးရီးယား ရေတံခွန်လို့ အမည်ပေးခဲ့ပေမယ့် ဒေသခံ တွန်ညာ လူမျိုးစုတွေ ခေါ်တဲ့ “မိုစီ အိုအာ တူညာ” ဆိုသည့် နာမည်ကလည်း ရှိနေပါသေးတယ်။ကမ္ဘာ့အမွေအနှစ်စာရင်းမှာတော့ အဆိုပါ နာမည်နှစ်ခုစလုံးကို အတည်ပြုသတ်မှတ်ပေးထားပါတယ်။ ဗစ်တိုးရီးယား ရေတံခွန်(သို့မဟုတ်)…

ရေနံဖြင့်ကြွယ်ဝချမ်းသာလာသော ဆော်ဒီအာရေးဗျ နိုင်ငံ၏ ထူးခြားအံ့သြဖွယ် အချက်များ

MUNA ဆော်ဒီအာရေးဗျ နိုင်ငံကို ရေနံအခြေပြုပြီး ချမ်းသာလာသောနိုင်ငံ ၊ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ အများကြီးရှိတဲ့ နိုင်ငံလို့ ကမ္ဘာက  သိကြပါတယ်။ နောက်ထပ် ဒီနိုင်ငံနဲ့ ပတ်သက်လို့ ဘာအကြောင်းအရာတွေများ သိကြသေးပါသလဲ။ ဒါကတော့ ဆော်ဒီအာရေးဗျ နိုင်ငံရဲ့ ထူးခြားအံ့သြဖွယ် ကောင်းတဲ့ အကြောင်းခြင်းရာ ၁၇ ရပ်ပဲ ဖြစ်ပါတယ်။ ၁။ကုလားအုတ် အကောင်ရေ ၁၀၀ ခန့်ကို ဆော်ဒီအာရေးဗျ နိုင်ငံရဲ့ မြို့တော်မှာ နေ့စဉ်ရာင်းချပါတယ်။ ၂။၂၀၁၅ ခုနှစ်မှာ ပျမ်းမျှအားဖြင့် တစ်ရက်ခြား တစ်ခါ လူတစ်ယောက် သေဒဏ်ပေး ခံရတယ်။ ၃။ဂါဝါရေနံသိုက်ဟာ အိုလံပစ် ရေကူးကန်ပေါင်း ၄၇၇၀၈၉၇ ကန်ကို အလုံအလောက် ရေနံဖြည့်ပေးနိုင်တယ်။ ၄။ဆော်ဒီအာရေးဗျ နိုင်ငံဟာ ကမ္ဘာမှာ မြစ်ချောင်းမရှိတဲ့…

သိပြီးပြီလား … ကြောင်တစ်ကောင်ရဲ့ အစွမ်းများ

MUNA လက်ရှိ ကမ္ဘာမှာ အိမ်မွေးတိရိစ္ဆာန် အဖြစ် ခွေးပြီးရင် အများဆုံး မွေးမြူနေတဲ့ ကြောင်တွေ အကြောင်း သင် ဘယ်လောက်ထိအောင် သိထားပါသလဲ။ အခု ကျွန်တော်ပြောထားတဲ့ အချက်တွေကိုရော သင် သိထားပြီးပြီလား။ (၁) ကြောင်တွေဟာ ငလျင်လှုပ်ခတ်မှုကို ကြိုတင် သိရှိနိုင်ကြပါတယ်။ သူတို့ရဲ့ ခြေ၊လက်တွေဟာ အလွန်ပဲ အာရုံခံကောင်းပါတယ်။ တချို့ကြောင်တွေဟာ ငလျင် မလှုပ်ခင် သိသာတဲ့ ပုံစံတွေ ပြတတ်ပါတယ်။ တုန်ခါမှုကို အကောင်းဆုံး အာရုံခံ သိနိုင်တဲ့ သတ္တ၀ါ တမျိုး ဖြစ်ပါတယ်။ (၂) ကြောင်တွေဟာ အစာကို ၀ါးစရာ မလိုပဲ မျိုချနိုင်သလို အဆိုပါ ကိုက်ဝါး မထားတဲ့ အစာကို သူတို့ရဲ့ အစာအိမ်က ကောင်းစွာ ချေဖျက်ပေးနိုင်ပါတယ်။ (၃)…

ကိုယ့်ကိုယ်ကို ၀,သလား၊ ပိန်သလား သိချင်ပါသလား

အခုပြောမှာကတော့ ကိုယ့်ရဲ့ အရပ်အမောင်းနဲ့ လက်ရှိ ကိုယ်အလေးချိန်ကို သိတာနဲ့ မိမိ ၀,နေသလား၊ ပိန်နေသလား ဆိုတာ သိအောင် တွက်နိုင်မယ့် နည်းလမ်းလေးပါ။ လွယ်ပါတယ်၊ မှတ်ထား၊ ဖတ်ထားပါနော်။ တွက်နည်းက … ၁ – သင့် အလေးချိန်ကို ပေါင်ချိန်စက်နဲ့ ချိန်ပါ။ (ဥပမာ ၁၂၅ပေါင် ဖြစ်ပါစေ) ၂- အဆိုပါပါ အလေးချိန်ကို ကီလိုဂရမ်ဖွဲ့ဖို့ ၀.၄၅နဲ့ မြှောက်ပါ။ (၁၂၅×၀၄၅ = ၅၆.၂၅ကီလိုဂရမ် ဖြစ်ပါပြီ) ၃- သင့်ရဲ့ အရပ်အမောင်းကို လက်မနဲ့ တိုင်းပါ (ဥပမာ ၅ပေ ၃လက်မ = ၆၃လက်မ ဖြစ်ပါစေ) ၄- အဆိုပါလက်မကို မီတာဖွဲ့ဖို့ ၀.၂၅နဲ့မြှောက်ပါ (၆၃×၀.၂၅ -၁.၅၇၅မီတာ ဖြစ်ပါပြီ)…

ကြက်သွန်နီတစ်ဥကို အသုံးဝင်အောင် သုံးမယ

MUNA အခုပြောမှာက အိမ်မှာ အလွယ်ရှိနေတဲ့ ဟင်းချက် အသီးအနှံ ကြက်သွန်နီကို ဘယ်လို ဘက်စုံ အသုံးဝင်အောင် သုံးနိုင်မလဲ ဆိုတဲ့ အသုံးဝင်ပုံလေးတွေပဲ ဖြစ်ပါတယ်။ ၁- ကြက်သွန်နီအသားနဲ့ သင့်ရဲ့ အရေပြားကို ပွတ်ပေးထားမယ် ဆိုရင်တော့ ခြင်လိုမျိုး သင် မကိုက်စေချင်တဲ့ အင်းဆက်ပိုးတွေကို အကောင်းဆုံး ဟန့်တားနိုင်မှာပါ။ အခြေအနေ တစ်ခုခု အရ သင့်အတွက် ခြင် အပါအ၀င် အင်းဆက်တွေရဲ့ ကိုယ်လုံးပေါ် တက်ရောက်မှု၊ ကိုက်မှု၊ နားမှုတွေကို ဟန့်တားချင်တယ် ဆိုရင်တော့ ကြက်သွန်နီသားနဲ့ သင့် အရေပြားကို ပွတ်ပေးပါ။ ၂- ကြမ်းပိုးကိုက်တဲ့ သင့် အရေပြား နေရာကိုလည်း ကြက်သွန်နီသားနဲ့ ပွတ်ပေးနိုင်ပါတယ်။ နာကျင်မှုလည်း မရှိစေပဲ လျော့နည်း သက်သာစေသလို နောက်ထပ်…

သင့်ရဲ့ ဖုန်းဘက်ထရီကို အမြန်ဆုံး အားကုန်စေမယ့် Appများ

MUNA တကယ်တော့ ဖုန်းကို အားကုန်စေတဲ့ အချက်က ဖုန်းကို ဖွင့်ထားလို့၊ အလင်းဖြာနေရလို့၊ မီးဖွင့်ထားလို့၊ အင်တာနက်သုံးလို့၊ ကင်မရာရိုက်လို့ ဆိုတာတွေထက် ဖုန်းပိတ်ထားသည့်တိုင်အောင် လည်ပတ်နေတဲ့ Appတွေ၊ အင်တာနက်ဖွင့်သုံးမှ ရတဲ့ Appတွေကြောင့် ဘက်ထရီကုန်မှု ပိုများပါတယ်။ အခု ပြောမယ့် Appတွေက ဘက်ထရီအားကုန် အမြန်စေဆုံးပါ၊ သင့်ဖုန်းမှာ ဒီAppတွေ သုံးနေရင်တော့ ဖြစ်နိုင်ရင် သုံးချိန်လျော့ပါ၊ မသုံးဖြစ်ရင် Uninstall လုပ်လိုက်ပါတော့။ (၁) Snapchat – ဒီAppသုံးသူတွေ အနေနဲ့ တခြား ဖုန်းသုံးသူတွေထက် ဘက်ထရီအားကုန်မြန်ပါလိမ့်မယ်။ လက်ရှိ နိုင်ငံတကာသုံး Appတွေထဲမှာ ကမ္ဘာ့ လူသုံး အများဆုံး Appတစ်ခု အဖြစ် ရပ်တည်နေတဲ့ Snapchatက ဘက်ထရီစားများလွန်းနေပါတယ်။ ဘယ်လိုအကောင်းဆုံးသုံးမလဲ – Snapchatရဲ့…

ကားမောင်းချိန် ကိုယ်လက်တွေ မနာကျင်ရလေအောင် ဘယ်လိုမောင်းမလဲ ?

MUNA အခုပြောမှာကတော့ ခရီးဝေး ကားမောင်းတတ်သူတွေ အတွက် ဘယ်လို အနေအထားနဲ့ အကောင်းဆုံး မောင်းနှင်မယ် ဆိုရင် ကိုယ်လက်တွေ နာကျင်ခံစားရမှုကို အကောင်းဆုံး လျော့ချနိုင်မယ် ဆိုတဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၁) ယာဉ်မောင်းထိုင်ခုံနဲ့ လက်ကိုင်ဘီးကို နေရာကျပါစေ – ဒီနေ့ခေတ် မော်ဒယ်နိမ့်ကားတွေ နည်းသွားချိန်မှာ အများစုသော ကားတွေမှာ ထိုင်ခုံကိုရော လက်ကိုင်ဘီးကိုပါ ချိန်ညှိနိုင်မှု စနစ် ပါလာပါတယ်။ Autoနဲ့လည်း ဖြစ်နိုင်သလို Manualပုံစံနဲ့လည်း ချိန်ညှိရတာ ဖြစ်နိုင်ပါတယ်။ မှတ်သားထားရမယ့် အချက်ကတော့ ယာဉ်မောင်းဟာ လက်ကိုင်ဘီးကနေ ၁၀လက်မကနေ ၁၂လက်မ (၂၅စင်တီမီတာကနေ ၃၀စင်တီမီတာ) အတွင်း ရှိနေအောင် ထိုင်ခုံကို ချိန်ညှိ စီးနင်းပါ။ ဒါက လက်ကိုင်နဲ့ ထိုင်ခုံ(ယာဉ်မောင်း) အကြား ပမာဏ…

နိုင်ငံတိုင်းလိုလိုမှာ ဘာကြောင့် နာမည်တစ်ခုထက်ပိုပြီး ရှိနေကြသလဲ

(ချစ်ဆွေ) အခန်းတစ်ခုထဲကို ဂျာမနီကလူတစ်ယောက်၊ အလမ်မာညေးက လူတစ်ယောက်၊ ဒွိုင်က်ခ်ျလန်းကလူတစ်ယောက်၊ ဆက်ဆာကလူတစ်ယောက်၊ ဆက်ဆမားကလူတစ်ယောက်၊ တစ်ခ်လန်းကလူတစ်ယောက်၊ နိုင်မ်ဆီကလူတစ်ယောက် ဝင်လာတယ်ဆိုပါစို့။ နိုင်ငံပေါင်းဘယ်နှစ်နိုင်ငံကလူတွေလာစုနေသလဲလို့ စဉ်းစားမိကောင်း စဉ်းစားမိပါလိမ့်မယ်။ အမှန်တကယ်တော သူတို့အားလုံးဟာ တစ်နိုင်ငံထဲကနေလာတာပါ။ အဲဒီနာမည်တွေအားလုံးဟာ ဂျာမနီကို ခေါ်ဝေါ်တဲ့ မတူညီတဲ့ နာမည်တွေဖြစ်ပါတယ်။ ဘာသာစကားအလိုက် လုံးဝမတူကွဲပြားတဲ့ နာမည်တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေထဲမှာ ဂျာမနီလည်းတစ်နိုင်ငံအပါအဝင်ဖြစ်ပါတယ်။ ပြင်သစ် စကားနဲ့ ဂျာမနီကို အလမ်မာညေးလို့ခေါ်ပါတယ်။ ဂျာမန်လို ဒွိုင်က်ခ်ျလန်း၊ ဖင်လန်စကားနဲ့ဆို ဆက်ဆာ၊ အက်စ်တိုးနီးယန်းစကားနဲ့ဆို ဆက်ဆမား၊ ဒိန်းနစ်ရှ်နဲ့ ဆို တစ်ခ်လန်း၊ ပိုလန်စကားနဲ့ဆို နိုင်မ်ဆီပါတဲ့။ ဒါဘာကြောင့်ပါလဲ။ အဓိကတော့ မတူညီတဲ့ မျိုးနွယ်စု၊ အုပ်ချုပ်ခဲ့တဲ့မင်းဆက်/အစိုးရ၊ လွှမ်းမိုးခဲ့တဲ့ ပြည်ပအုပ်ချုပ်မှုတွေနဲ့ တည်ရှိတဲ့မြစ်တွေ အစရှိသဖြင့်တို့ကို အစွဲပြုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလိုအသုံးအနှုံးတွေရှိပါတယ်။…

ကမ္ဘာပေါ်မှာတစ်နေရာထဲသာရနိုင်တဲ့ အဖြူရောင်စတော်ဘယ်ရီသီး

အောက်တိုဘာ ၂၁ မြင်ဖူးရင်တောင်ကံကောင်း၊ စားဖူးဖို့ဆိုတာဝေးရောလို့ဆိုရမယ့် အဖြူရောင်စတော်ဘယ်ရီသီးတွေပါ။ ဒီစတော်ဘယ်ရီအဖြူတွေဟာဂျပန်အဆင့်မြင့်သစ်သီးဈေးထဲမှာရောင်းချနေတဲ့ နှစ်တွေချီနေပါပြီ။ ဈေးထဲမှာစတော်ဘယ်ရီအဖြူ မျိုးကွဲတွေအများကြီးရှိပေမယ့် အဲဒီထဲကမှ “အဖြူရောင်ရတနာ” သို့မဟုတ် ShiroiHousekiလို့ ဂျပန်လို့နာမည်ပေးထားတဲ့ အသီးကတော့ အရှားဆုံးနဲ့ ဈေးအကြီးဆုံးပါပဲ။ အဖြူရောင်ရတနာစတော်ဘယ်ရီအမျိုးအစားကိုယာဆူဟီတိုတယ်ရှီမားဆိုသူကဆာဂါခရိုင်မှာရှိတဲ့ ခြံထဲမှာလွန်ခဲ့တဲ့ လေးနှစ်ကဖန်တီးခဲ့တာပါ။ ဒီအသီးဟာတစ်ကမ္ဘာလုံးဘယ်မှာမှမရှိဘဲသူ့ခြံထဲမှာသာရှိပါတယ်။ အတွင်းအပြင် ဖြူဆွတ်နေတဲ့ ဒီအသီးရဖို့အတွက် စတော်ဘယ်ရီအမျိုးအစားမြောက်မြားစွာကိုမျိုးစပ်ခဲ့ရတယ်လို့သိရပါတယ်။ ပုံမှာမြင်တဲ့အတိုင်းပဲ၊ ဒီအသီးဟာဘယ်လောက်တောင်ရှားပါးပြီးတမူထူးခြားနေသလဲဆိုတာကိုတွေ့ရမှာပါ။ ဒီတော့ ဈေးနှုန်းကလည်းအတော်ကိုကြီးပါတယ်။ တစ်လုံးကို ၁၀ ဒေါ်လာပါတဲ့။ မဆိုစလောက်သာပါတဲ့ ခြင်းသေးသေးလေးတစ်ခြင်းကိုဒေါ်လာ ၄၀ အထိရောင်းပါတယ်။ စတော်ဘယ်ရီသီးအတွက်တော့ ဒီဈေးဟာအဆမတန်ကိုများတာပေါ့။ #MUNA /နိုင်သူရ

ကိုးနှစ်ကြာထိခေါက်နေဆဲစက္ကူလေယာဉ်

အောက်တိုဘာ ၂၁ စက္ကူလေယာဉ်လေးတွေခေါက်ရင် အလွန်ဆုံးကြာလှ တစ်မိနစ်ပေါ့။ ဒါပေမဲ့ လက်မှုပညာရှင်တစ်ယောက်ကစက္ကူလေယာဉ်တစ်စင်းဆောက်တာကိုးနှစ်ကြာခဲ့ပါသတဲ့။ ဒါတောင် အခုအချိန်ထိလက်စမသတ်နိုင်ဘူးလို့ဆိုပါတယ်။ ပြီးတော့ ဒီလေယာဉ်ဟာသာမန်မဟုတ်ဘဲအိန္ဒိလေကြောင်း (Air India) ဘိုင် Boeing 777 အမျိုးအစား ၁း၆၀ အချိုးပုံတူစက္ကူလေယာဉ်ပါ။ အမေရိကန် ဆန်ဖရန်ဆစ္စကိုမြို့က လူကာအီယာကိုနီ-စတီးဝပ်ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ဒီဇိုင်နာလေးကအဲဒီလေယာဉ်ကိုဆောက်နေတာပါ။ ကိုးနှစ်အတွင်းမှာလေယာဉ်အတွက် နာရီပေါင်း ၁၀,၀၀၀ ကျော်အချိန်ပေးခဲ့တယ်လို့ သိရပါတယ်။ စာဖတ်သူအနေနဲ့ စက္ကူလေယာဉ်တစ်စင်းခေါက်တာများကိုးနှစ်ကြာပြီမပြီးရကောင်းလာလို့ ထင်ကောင်းထင်နေမှာပါ။ ဒါပေမဲ့ သူ့စက္ကူလေယာဉ်လေးကိုကြည့်လိုက်ရင် ဟင်ခနဲဟာခနဲဖြစ်သွားနိုင်လောက်အောင် အဖြတ်အတောက်၊ အချိုးအစားသပ်ရပ်ပြီးအသေးစိတ်လွန်းနေတာကိုတွေ့မြင်ရပါလိမ့်မယ်။ #MUNA /နိုင်သူရ