ဒေါက်တာအေးမောင် စာရေးဆရာဝေဟင်အောင်အပါအဝင် မြောက်ဦးဖြစ်စဉ်အတွင်း ဖမ်းခံရသူများအား ကူညီဆောင်ရွက်နိုင်ရန် ဥပဒေအထောက်အကူပြု ကော်မတီတစ်ရပ်ဖွဲ့စည်း 

စစ်တွေ၊ ဇန်နဝါရီ ၂၆ ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း နှစ် ၂၃၃ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားက ကျင်းပပြုလုပ်ရာတွင် ဥပဒေနှင့်မညီညွတ်သည့်အတွက် ဖမ်းဆီးခံထားရသူများအား လိုအပ်သည့်အကူအညီများပေးနိုင်ရန် ရခိုင်အမျိုးသားပါတီက ဥပဒေအထောက်အကူပြု ကော်မတီတစ်ရပ်ကို ဇန်နဝါရီလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်သည်။ ယင်းအခမ်းအနားကျင်းပမှုကြောင့် ရသေ့တောင်မြို့တွင် ဟောပြောခဲ့သည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အပါအဝင် မြောက်ဦးအဓိကရုဏ်အတွင်း သေနတ်ဒဏ်ရာရရှိခဲ့သူ ၈ ဦးတို့အား စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ် ရသေ့တောင်မြို့မှာ ဟောပြောတဲ့အခါမှာ ဥပဒေနဲ့မညီညွတ်တဲ့ အတွက်ကြောင့်ဆိုပြီး ကိုဝေဟင်အောင်နဲ့ ဒေါက်တာအေးမောင်တို့နှစ်ဦး ဖမ်းဆီးခံထားရပါတယ်။ အဲဒီလိုပဲ မြောက်ဦးမှာ လည်း နန်းတော်ရာကုန်းကနေ လူအုပ်နဲ့ဆန္ဒပြတဲ့အခါမှာ ပစ်ခတ်နှိမ်နင်းတာကြောင့် သေဆုံးခဲ့ကြရတယ်။ ဒဏ်ရာရရှိသူ တွေကို ဆေးကုသနေရင်း စစ်တွေဆေးရုံက…

သေနတ်ဒဏ်ရာဖြင့် စစ်တွေဆေးရုံတွင် ဆေးကုသခံယူနေသူ ၈ ဦးတို့အား ဖမ်းဆီး

စစ်တွေ၊ ဇန်နဝါရီ ၂၄ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း ရဲတပ်ဖွဲ့ဝင်များပိုက်ခတ်လိုက်သည့် သေနတ်ဒဏ်ရာ ဖြင့် ဆေးကုသခံယူနေသူ ၈ ဦးတို့အား စစ်တွေဆေးရုံမှ ယမန်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အဆိုပါဆေးကုသခံယူနေသူ ၈ ဦးတို့အား ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေဆေးရုံအတွင်းရှိ အကျဉ်းသားဆေးကုသဆောင်တွင် ယာယီထားရှိကြောင်း သိရသည်။ “မနက်ပိုင်းက ဖမ်းလိုက်တာပါ။ သုံးပွင့်နဲ့ရဲအရာရှိတစ်ယောက်ရောက်လာပြီးတော့ လူနာ ၈ ဦးကိုလက်ထိတ်ခတ်ပြီး ခေါ်သွားတာပါ။ ဘာကြောင့်ဖမ်းတာလဲ။ ဘာပုဒ်မနဲ့ဖမ်းတာလဲဆိုတာကိုလည်း မသိလိုက်ရဘူး။ ဘာမှမပြောခဲ့ပါဘူး။ သူတို့တွေကို အကျဉ်းသားတွေကိုထားတဲ့အဆောင်မှာ ထားပါတယ်။”ဟု မိသားစုဝင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကပြုလုပ်သည့် မြောက်ဦးနှင့် ရသေ့တောင်မြို့များတွင် ကျင်းပခဲ့သည့် အခမ်းအနားနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတွင် စာရေးဆရာဝေဟင်အောင်နှင့် ဒေါက်တာအေးမောင်တို့နှစ်ဦးအပြင်…

မောင်တောမြို့နယ် နတ်မြစ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၊ ၂၀၁၇ ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်အတွင်းမှာ နိုဝင်ဘာလ ၃၀ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာလ ၃၀ ရက်၊ မနက် ၆း၂၅အချိန် မောင်တောမြို့၊ မောင်နီကျေးရွာအနီး နတ်မြစ်အတွင်းမှာ ရေယာဉ်နဲ့ လှည့်ကင်းဆောင်ရွက်စဉ် ရေယာဉ်ရဲ့မြောက်ဘက် ကိုက် ၂၀၀ ခန့်အကွာ တစ်ဖက်နိုင်ငံကို ခုတ်မောင်းနေတဲ့ မသင်္ကာဖွယ်ရာ စက်တပ်လှေ (၁) စီး တွေ့ရှိခဲ့ပြီး မီးအချက်ပြ ခေါ်ယူစစ်ဆေးရာ စက်လှေပေါ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်မြို့နေသူ မွတ်စတာဟာမတ် ၅၄ နှစ်၊ ဂျူဘိုင် ၁၉ နှစ်၊ လှန်ဟမ်းကီးအာလောင် ၁၉ နှစ်တို့ (၃)ဦးအား ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီ ဖော်ပြချက်အရ သိရပါတယ်။ ဖမ်းဆီးရမိ…

မောင်တောမြို့နယ်အတွင်း ပိုင်ရှင်မဲ့ ကျွဲ၊ နွား၊ ဆိတ်များ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ

ဒီဇင်ဘာ ၁ ၊၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မောင်တောမြို့နယ် နေရပ် စွန့်ခွာရသူများ၏ ကျွဲ၊ နွား၊ ဆိတ်များအား ဖမ်းဆီးထိန်းသိမ်းနိုင်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပန်းတောပြင်၊ ခုံတိုင်နှင့် ငါးခူရတို့တွင် စခန်း (၃) ခု တည်ဆောက်ဖွင့်လှစ်ကာ အဖွဲ့များဖွဲ့စည်း၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။ ပိုင်ရှင်မဲ့ကျွဲနွားများကို စနစ်တကျထိန်းသိမ်းရန်၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်တို့အတွက် လုပ်ငန်း ကော်မတီနှင့် မြို့နယ်တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး စခန်း တည်ရှိသည့် ပတ်ဝန်းကျင်ကျေးရွာများ သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ နွား၊ ဆိတ်များအား ကာကွယ်ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ စုစုပေါင်းနွား (၃၀၃) နှင့် ဆိတ် (၆၆၅) ကောင် တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး…

မောင်တောမြို့၌ လက်လုပ်မိုင်းဟောင်း(၂)လုံး တွေ့ရှိ

ရန်ကုန်၊နိုဝင်ဘာ ၂၉ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၆း၃၀ အချိန် မောင်တောမြို့၊ ဒီလ်ပါရာ (ဘင်္ဂါလီ) ရွာဟောင်း၌ ရော်ချန်း(၈)နှစ်၊ မြို့မအရှေ့တိုးချဲ့ဟိန္ဒူရွာနေသူသည် ပစ္စည်းဟောင်းများ လိုက်ကောက်စဉ် မြေပေါ်တစ်ဝက်ခန့်ပေါ်နေသော တိတ်ဖြင့် ပတ်ထားသည့် အလျား ၈ လက်မ၊ အချင်း ၅ လက်မခန့်ရှိ လက်လုပ်မိုင်းဟောင်း ၁ လုံး တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သည်။ ယင်းနေ့ နံနက် ၇း၃၀ အချိန် တပ်မတော်သားများနှင့် မောင်တောမြို့နယ်ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ရဲထွန်းနိုင် ဦးစီးသော ပူးပေါင်းအဖွဲ့တို့မှ ရှင်းလင်းသိမ်းဆည်းခဲ့ပြီး အနီးပတ်ဝန်းကျင်အား ဆက်လက် ရှင်းလင်းခဲ့ရာ မိုင်းတွေ့ရှိသည့်နေရာ၏ တောင်ဘက်(၆) ကိုက်ခန့် အကွာ၌ အလျား ၆.၅ လက်မ၊ အချင်း ၃ လက်မခန့်ရှိ…

ဘူးသီးတောင်မြို့နယ်တွင် မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားသဖြင့် အရပ်သား ၁ဦး သေဆုံး

ရန်ကုန်၊နိုဝင်ဘာ ၂၄ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် စိုင်းဒင်းတောင်ကြောတွင် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား ၁ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈း၀၀ အချိန် ဘူးသီးတောင်မြို့နယ်၊ ဘိုကလေး ရွာဟောင်းနေ မြိုတိုင်းရင်းသား ဦးရန်ဂီး၊ (၂၁)နှစ်နှင့် ဇနီးဖြစ်သူ မနန်းလီ တို့သည် ကုလားသေကျေးရွာရှိ ဆွေမျိုးများထံ အလည်သွားပြီး အပြန် ဘောဓိကိုင်းကျေးရွာ ခန့်မှန်း (DU-38536) အရှေ့ဘက် ကိုက်(၄၀၀၀)ခန့်အကွာ စိုင်းဒင် တောင်ကြောအရောက်၌ မိုင်းနင်းမိပေါက်ကွဲခဲ့၍ ဦးရန်ဂီးတွင် ခန္ဓာကိုယ်မိုင်းစများ ထိမှန်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဇနီးဖြစ်သူ မနန်းလီနှင့်ရွာသား(၁၀)ဦးတို့သည် သေဆုံးသူ ဦးရန်ဂီး၏ အလောင်းအား အခင်းဖြစ်နေရာသို့ သွားရောက်သယ်ဆောင်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်…

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တစ်ရက်အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လက်လုပ်မိုင်းလေးလုံး ထပ်မံတွေ့ရှိ

စစ်တွေ၊ နိုဝင်ဘာ ၁၇ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသဖြစ်သည့် မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့တစ်ရက်တည်း၌ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နယ်မြေရှင်းရင်းရေးများဆောင်ရွက်စဉ် ကျောက်တော်မြို့နယ်အတွင်း လက်လုပ်မိုင်း လေးလုံးကို ထပ်မံတွေ့ရှိကြောင်း သတင်းရရှိသည်။ အဆိုပါပေါက်ကွဲမှုဖြစ်စဉ်များမှာ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်းပြားမြို့နယ် ဖားပျော်ကေးရွာအနီးတွင် ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်က မိုင်းသုံးလုံးပေါက်ကွဲခဲ့ကာ ယင်းနေ့ညနေ ၅ နာရီခန့်တွင် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာနှင့် ဝေသာလီကျေးရွာအကြား၌ မိုင်းတစ်လုံးထပ်မံပေါက်ကွဲခဲ့ပြီး ၁၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ကျောက်တော်မြို့နယ် ရွက်ညိုတောင်ကျေးရွာအနီး မြေမြှုပ်ထားသည့် မိုင်းလေးလုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “၁၅ ရက်နေ့က မင်းပြားမြို့နယ်အတွင်းမှာ တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်။ ပြီးတော့ မြောက်ဦးမြို့နယ်အတွင်းမှာ တစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။…

မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနီး ARSA အဖွဲ့ပြုလုပ်ထားသည့်လိုဏ်ဂူတစ်ခု ထပ်မံတွေ့ရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္တုနှင့် သင်္ဘောကွေ့ကျေးရွာများအနီး၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသော လိုဏ်ဂူ ၃ခုအား နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့သည်။ အလားတူ ယမန်နေ့တွင်လည်း မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်စဉ် ကျောက်ပန္တုကျေးရွာ၏တောင်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြုလုပ်ထားသည့် အလျား ၃ ပေခွဲ၊ အနံ ၂ ပေရှိ သစ်သားပေါင်များဖြင့် ပြုလုပ်ထားသော မြေအောက်ကျင်း တံခါးအားတွေ့ရှိသဖြင့် ၀င်ရောက်ရှင်းလင်းရာ အလျား ၁၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅…

ရခိုင်ပြည်နယ်မှ လုံခြုံရေးဝန်ထမ်းများ၏ ကလေးငယ်များကို ဧရာဝတီဖောင်ဒေးရှင်း စောင့်ရှောက်ကူညီ

ရန်ကုန်၊နိုဝင်ဘာ ၁၃ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ၏ ကျန်းမာရေးမကောင်းသော ကလေးသူငယ်များကို ဦးဇော်ဇော်ဦးဆောင်သည့် ဧရာဝတီဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသွားနေဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့စဉ် အဆိုပါဒေသတွင် ရောဂါဝေဒနာခံစားနေရသည့် ကလေးငယ်များကို ရန်ကင်းကလေး ဆေးရုံကြီးတွင် လိုအပ်သည့်ဆေးကုသမှု ခံယူနိုင်ရန်အတွက် လမ်းညွှန်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်မှုအရ ဧရာဝတီဖောင်ဒေးရှင်း၏ ဥက္ကဌဖြစ်သူ ဦးဇော်ဇော် မှ ရခိုင်ပြည်နယ်၊ မောင်းတောနယ်စပ်၊ တောင်ပြိုဝဲတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ဝင်းဇော်ဌေး၏ သားဖြစ်သူ မောင်ဇင်မင်းပိုင်၊ အသက်(၄) နှစ်အရွယ် နှလုံးဝေဒနာ (နှလုံးတွင် အပေါက်ပါ)ခံစားနေရသူနှင့် ကျီးကန်းပြင်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ကြပ်ကြီး ထွန်းထွန်းနိုင် ၏ သားဖြစ်သူ မောင်ကောင်းထက်နိုင်၊…

ပြန်လည်ဝင်ရောက်လာမည့်သူများကို ခေတ္တလက်ခံထားနိုင်ရန် နေအိမ်များဆောက်လုပ်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပြော

မောင်တော၊ နိုဝင်ဘာ ၁၂၊ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည့် ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် နေထိုင်သူများအား ပြန်လည်ဝင်ရောက်လာသည့်အခါမှာ ခေတ္တလက်ခံထားနိုင်ရန်အတွက် နေအိမ်များ ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တစ်ဖက်နိုင်ငံသို့သွားရောက်ရန် မောင်တောနယ်စပ်သို့ရောက်ရှိနေကြသည့် ဘင်္ဂါလီများကို ကူညီစောင့်ရှောက်မှုများပေးထားကြောင်းနှင့် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများ နေထိုင် ရန်အတွက်လည်း နေထိုင်ရန်နေရာများ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးတွင် ဒေါက်တာဖေမြင့်ဦးဆောင်သည့် UEHRD အဖွဲ့နှင့် အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့ခြင်းဖြစ်သည်။ “တစ်ဖက်နိုင်ငံကနေပြီးတော့ မြန်မာနိုင်ငံအတွင်းကို ပြန်လည်ဝင်ရောက်လာမယ့်သူတွေကို ခေတ္တလက်ခံထားရှိဖို့အတွက် နေအိမ်တွေဆောက်လုပ်နေပါပြီ။ ပြီးတော့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ တိုင်းရင်းသားတွေကို လည်း နေရာပြန်လည်ချထားမှုတွေ ဆောင်ရွက်နေပါတယ်။”ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောကြားခဲ့သည်။…