အ‌ဖော်‌အချွတ်‌အကမယ်‌ဘဝမှာ အမျိုးသားတချို့ဆီက ‌ငွေအလစ်‌သုတ်‌ခဲ့ဖူး‌ကြောင်း Cardi B ဝန်‌ခံ

မတ်‌ ၃၀ ကမ္ဘာ‌ကျော်‌ရပ်‌ပါအဆို‌တော်‌ Cardi B ဟာ သူမ အ‌ဖော်‌အချွတ်‌အကမယ်‌အဖြစ်‌ လုပ်‌ကိုင်‌ခဲ့စဉ်‌က သူမနဲ့ အိပ်‌စက်‌ခဲ့ဖူးတဲ့ အမျိုးသားတချို့ရဲ့ ‌ငွေ‌တွေကို အလစ်‌သုတ်‌ခဲ့ဖူး ‌ကြောင်း ဝန်‌ခံ‌ပြောကြားခဲ့ပါတယ်‌။ Cardi B အ‌နေနဲ့ အခုလို ဝန်‌ခံလိုက်‌ရတာဟာ လွန်‌ခဲ့တဲ့ (၃) နှစ်‌ခန့်‌က သူမရဲ့ လူမှုကွန်‌ရက်‌စာမျက်‌နှာမှာ Live လွှင့်‌‌ ‌ပြောကြားထားချက်‌အ‌ပေါ် လူတချို့က ‌ဝေဖန်‌တိုက်‌ခိုက်‌လာကြတာ‌‌တွေ‌ကြောင့်‌ ဖြစ်‌ပါတယ်‌။ အဆိုပါ Live ထဲမှာ‌တော့ အ‌ဖော်‌အချွတ်‌အကမယ်‌အဖြစ်‌ သူမ အသက်‌‌မွေးဝမ်း‌ကြောင်းခဲ့စဉ်‌က သူမနဲ့ လိင်‌ဆက်‌ဆံလိုသူ အမျိုးသားတချို့ကို ‌ဖြား‌ယောင်း‌သွေး‌ဆောင်‌ပြီး အတူတူ ဟိုတယ်‌တက်‌ခဲ့ကြပါတယ်‌။ အဲဒီ‌နောက်‌မှာ‌တော့ သူမဟာ သူတို့ရဲ့ ‌ငွေ‌တွေကို အလစ်‌သုတ်‌ခဲ့‌ကြောင်း Live လွှင့်‌ပြီး ဂုဏ်‌ယူ‌ပြောကြားခဲ့ဖူးပါတယ်‌။ အဆိုပါ Live လွှင့်‌ခဲ့မှုနဲ့ပတ်‌သက်‌ပြီး…

တရုတ်အကြွေးထောင်ချောက် စိုးရိမ်ထိတ်လန့်မှုများ ဖိလစ်ပိုင်ကို လှုပ်ခတ်နေ

မနီလာ၊ မတ် (၃၀) တရုတ်ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများရှိသော တဖြည်းဖြည်းများလာသည့် ကမ္ဘာတခွင် နိုင်ငံများစာရင်းတွင် ဖိလစ်ပိုင်ပါဝင်လာပြီး ဝေဖန်သူများက နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးစေသည့် အလားအလာရှိသော အကြွေးထောင်ချောက်ဟု ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။်ဖိလစ်ပိုင်တရားရုံးချုပ် အကြီးတန်းတွဲဘက်တရားသူကြီး အန်တိုနီယိုကာပီယိုက ယခုအပတ်အတွင်း အများပြည်သူသို့ ကျယ်ကျယ်ပြန့်ပြန့်တင်ပြချက်တွင် ချီကိုမြစ်ရေတင် ဆည်မြောင်းစီမံကိန်းတွင် ဖိလစ်ပိုင်နယ်မြေပိုင်နက်နှင့် အရင်းအမြစ်များ တရုတ်တို့သိမ်းယူနိုင်ချေ အလားအလာကို သတိပေးခဲ့သည်။ ဘေဂျင်း၏ အမေရိကန်ဒေါ်လာ ထရီလီယံတန်ဖိုးရှိသော ခါးပတ်နှင့်လမ်းမကြီး အစပျိုးဖော်ဆောင်မှု (BRI) အတွက် ကြီးမားသော အခြေခံအဆောက်အအုံအစီအစဉ်များအပါအဝင် ဖိလစ်ပိုင်အတွက်တရုတ်နိုင်ငံက ဒေါ်လာဘီလီယံများစွာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအတွက် ပုံစံခွက်တစ်ခုဖြစ်လာရေး အထက်ပါစီမံကိန်းကို မျှော်လင့်ထားကြောင်း တရားသူကြီး အန်တိုနီယိုက ပြောကြားသည်။ ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေး၏ အခြေခံအဆောက်အအုံများ ဆောက်မယ် -ဆောက်မယ်- ဆောက်မယ်ဟု စိတ်လွတ်ကိုယ်လွတ်…

မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျန်းမာရေးနှင့်အားကစား Application ကို မန္တလေးမြို့တွင် စတင်မိတ်ဆက်

မန္တလေး ၂၉ မတ် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျန်းမာရေးနှင့် အားကစား Application ဖြစ်သည့် Flexible Pass ကို မန္တလေးမြို့တွင် ယနေ့စတင်မိတ်ဆက်ခဲ့သည်။ Flexible Pass အက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် နီးစပ်ရာ Gym များကို အလွယ်တကူကြည့်ရှု့နိုင်ခြင်း ၊ အားကစား အမျိုးအစားအလိုက် နှစ်သက်ရာရွေးချယ်နိုင်ခြင်း ၊ ပုံမှန်တစ်ရက်စာ ဈေူနှုန်းထက် ၄၀ ရာခိုင်နှုန်း သက်သာခြင်း ၊ ခြောက်လသက်တမ်းရှိသည့် package ဝယ်ယူပြီး Gym များတွင် ကစားနိုင်ကြောင်းသိရသည်။ ” Package တွေက ဒေါ်လာ ၃၀ ၊ ဒေါ်လာ ၅၀ ၊ ဒေါ်လာ ၁၀၀ အမျိုးအစားအလိုက် ဝယ်ယူအသုံးပြုနိုင်ပါတယ်။ အွန်လိုင်းငွေပေးချေတဲ့စနစ် ၊ ဘဏ်စနစ်…

အိန္ဒိယလူငယ် ဝက်သားမကျက်တကျက်စားပြီးနောက် ဦးနှောက်ထဲ ပိုးဝင်သေဆုံး

နယူးဒေလီ၊ မတ်(၂၉) အိန္ဒိယဆယ်ကျော်သက်လူငယ်တစ်ဦး မကျက်တကျက်ချက်ထားသော ဝက်သားကို စားခဲ့ရာမှ တုတ်ကောင်များကြောင့် ဦးနှောက်ထဲပိုးဝင် သေဆုံးခဲ့သည်ဟု လေ့လာမှုစစ်တမ်းအသစ်တစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါအသက် ၁၈ နှစ်အရွယ်လူငယ်မှာ အိန္ဒိယနိုင်ငံဖရစ်ဒါဘတ်ဆေးရုံတွင် ညာဘက်မျက်စိရောင်ရမ်းပြီး ပေါင်ခြံပေါ်နာကျင်မှုခံစားခဲ့ရကာ လေဖြတ်သကဲ့သို့ဖြစ်ပြီး သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့ထုတ် နယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် ဖော်ပြသည်။ ဆရာဝန်များက MRI စကင်ဖတ် စစ်ဆေးခဲ့ရာ လူငယ် ၏ဦးနှောက်တွင် အသက်ရှုလမ်းကြောင်းပိတ်စေသော သိသာထင်ရှားသည့် ဒဏ်ရာကိုတွေ့ရှိခဲ့သည်ဟု ဂျာနယ်တွယ် ဆက်လက်ဖော်ပြထားသည်။ ဆရာဝန်များက လူငယ်မှာ မတော်တဆ Taenia ဆိုဒီယမ်ကြက်ဥ သို့မဟုတ် သန်ကောင်ပါဝက်သားကို စားမိသည့်အခါဖြစ်ပေါ်ရသော Neurocysticercosis ဟုခေါ်သည့် အာရုံကြောပိုးဝင်သည့် အခြေအနေဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ဦးနှောက်ထဲ ပိုမိုရောင်ရမ်းဆိုးဝါးလာစေသော ကပ်ပါးကောင် တိုက်ဖျက်ရေး ပိုးသတ်ဆေးများ ထိုးမပေးခဲ့သည်မှာ ယင်းဆေးများကြောင့် နောက်ထပ် အမြင်အာရုံပါဆုံးရှုံးစေနိုင်သည်ဟု…

ယူအဖ်စီစတား မက်စ်ဂရီဂေါ် လိင်ပိုင်းဆိုင်ရာထိပါးမှုအတွက် စုံစမ်းစစ်ဆေးခံရ

ဒဗ္ဗလင်၊ မတ် (၂၉) အိုင်ယာလန်လက်ဝှေ့ကျော် ယူအဖ်စီစတား ကွန်နာမက်စ်ဂရီဂေါ်က အမျိုးသမီးတစ်ဦးကို ဟိုတယ်တွင် လိင်ပိုင်းဆိုင်ရာထိပါးမှု စွပ်စွဲချက်များအတွက် စုံစမ်းစစ်ဆေးမှုများ ခံယူနေရသည်ဟု အမေရိကန်သတင်းစာ New York Times သတင်းတွင် ဖော်ပြသည်။ ဒီဇင်ဘာလအတွင်း ဒဗ္ဗလင်မြို့တွင် အမျိုးသမီးတစ်ဦးကို ထိပါးစော်ကားခဲ့သည်ဟု စွပ်စွဲချက်များအတွက် မက်စ်ဂရီဂေါ် ဖမ်းဆီးခံရသည်။ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ပြီးနောက် နောက်တစ်လတွင် ပြန်လွှတ်ပေးခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်ပြီး စွဲချက်တင်ထားခြင်း မရှိသေးပေ။ UFC တာဝန်ရှိသူများက အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ်မှတ်ချက်ပြုခြင်း မရှိသေးပေ။ လူမှုကွန်ရက်တွင် ကိုယ်ခံပညာများအကြောင်း တင်ပြမှုများမှ မက်စ်ဂရီဂေါ် ရုတ်တရက်အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာပြီး ၂၄ နာရီအတွင်း ဖော်ပြပါသတင်းများ ထွက်ပေါ်လာခဲ့သည်။ များစွာသော သတင်းရင်းမြစ်များကို ကိုးကား၍ ဒဗ္ဗလင်တောင်ပိုင်း ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို တိုက်ခိုက်စော်ကားခဲ့သည်ဟု စွပ်စွဲထားကြောင်း…

အိန္ဒိယကဖေးဆိုင် HIV ပိုးရှိသူများနှင့် ဖွင့်လှစ်လည်ပတ်လျက်ရှိ

ကိုးလ်ကတ္တား၊ မတ် ၂၈ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ ဂျော့ဒ်ပူဈေး ကားဂိုဒေါင်အစွန်တစ်နေရာတွင့် ကဖေးပို့စတစ် CafePositive ဟုခေါ်သော ကော်ဖီဆိုင်ငယ်လေးတစ်ခု ဖွင့်ထားသည်။ ယင်းကဖေးဆိုင်လေးမှာ အိပ်ခ်ျအိုင်ဗီပိုးတွေ့ထားသော HIV Positive လူငယ်များဖြင့် စုစည်းလည်ပတ် နေခြင်းမှာ ထူးခြားသည်။ အသက် ၁၈ နှစ်ကျော်အရွယ် HIV ရှိနေသော ယောက်ျားလေး မိန်းကလေးများ ပါဝင်သော ဝန်ထမ်းများဖြင့် လည်ပတ်နေသည့် အာရှတိုက်အတွင်း ပထမဦးဆုံးကဖေးဆိုင်ဖြစ်သည်။ ၂၀၁၈ ဇူလိုင်လတွင် ကလ်လွလ်ဂို့ရှ်တည်ထောင်ဖွင့်လှစ်ခဲ့သော ကဖေးဆိုင်လေး၏ အဓိကစိန်ခေါ်မှုမှာ ဖွင့်လှစ်မည့်နေရာ ရှာဖွေခြင်းဖြစ်သည်။ ကယ်လွန်ဂို့ရှ်နှင့် အင်တာဗျူးများတွင် HIV လက္ခဏာရှိသူများအတွက် ပိုင်ရှင်အများအပြားက ဆိုင်နေရာငှားရန် တွန့်ဆုတ်နေသော်လည်း နောက်ပိုင်းတွင် ကြင်နာသနားတတ်သူတစ်ဦးက သူ့ကားဂိုဒေါင်ထဲမှာ ကော်ဖီဆိုင် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။ HIV ရှိသူ လူ…

တရုတ် ၁၃နှစ်သားကလေးငယ် လိင်အင်္ဂါထဲသံလိုက်အလုံး ၇၀ ထိုးထည့်ခဲ့၍ ခွဲစိတ်ဖယ်ရှားခဲ့ရ

ဘေဂျင်း၊ မတ်(၂၈) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ၁၁နှစ်အရွယ်ကလေးတစ်ဦးက သူ၏ယောက်ျားလေးအင်္ဂါထဲသို့ စူးစမ်းလိုသည့်သဘောဖြင့် ထိုးထည့်ထားသော သံလိုက်ဘောလုံးငယ် ၇၀ ပါအတွဲတစ်ခုကို ဆရာဝန်များက ခွဲစိတ်ဖယ်ရှားပေးခဲ့သည်။ တနင်္ဂနွေနေ့ညက ဇင်ကျန်းဆေးရုံသို့ ရောက်ရှိလာသော ကလေးငယ်က ဗိုက်ထဲမှ နာကျင်နေသည်ဟု မိဘများကို ပြောကြားခဲ့သည်။ ဆရာဝန်များက ဓာတ်မှန်ရိုက်ကြည့်သောအခါ သရက်ရွက်ဘေးတွင် သံလုံးလေးများအရိပ်တစ်ခုတွေ့ရပြီး ကလေးက သူစူးစမ်းလုပ်ဆောင်ခဲ့သည်ဟု ဝန်ခံခဲ့သည်။ အချင်း ၅ မီလီမီတာရှိသော သံလိုက်အလုံး ၇၀ ကို ၂ နာရီကြာ ခွဲစိတ်မှုလုပ်ဆောင်ပြီးနောက် ကလေး၏ သရက်ရွက်အနီးမှ ဆရာဝန်များက ပြန်လည်ထုတ်ယူခဲ့ သည်။ ” သံလိုက်လုံးလေးတွေက တစ်ခုနဲ့တစ်ခုကပ်နေပြီးတော့ အတွဲလိုက်ဖြစ်နေတော့ ဖယ်ရှားရတာ တော်တော်ခက်ခဲတယ်။ အဲ့တာကြောင့် တစ်ခါထုတ်ရင် နှစ်လုံးသုံးလုံးစီယူပြီးတော့ ထုတ်ရတယ်။ အလုံး ၅၀ ထုတ်ပြီးတဲ့နောက်တော့…

ကြောင်​သင်္ချိုင်းအပါအ၀င်​ ​ရှေး​ဟောင်းအ​ဆောက်​အအုံများစွာ အီဂျစ်​တွင်​တူး​ဖော်​တွေ့ရှိ

မတ်​ ၂၈ ​ရှေး​ခေတ်​က ဘုရား​ကျောင်း​တွေ အထိမ်းအမှတ်​ရုပ်​တု​တွေ​ဆောက်​လုပ်​ရာမှာအသုံးပြုဖို့အတွက်​ ​ကျောက်​တုံး​တွေ သယ်​ယူပို့​ဆောင်​ရာမှာ အသုံးပြုခဲ့တဲ့ ​ရှေး​ဟောင်းဆိပ်​ကမ်းအ​ဟောင်းတစ်​ခုကို အီဂျစ်​နိုင်​ငံအတွင်းမှာ တူး​ဖော်​​တွေ့ရှိခဲ့တယ်​လို့ အီဂျစ်​​ရှေး​ဟောင်း​ရေးရာ ၀န်​ကြီးဌာနက သတင်းထုတ်​ပြန်​ခဲ့ပါတယ်​။ အခု တူး​ဖော်​​တွေ့ရှိခဲ့တဲ့ ဆိပ်​ကမ်း​ဟောင်းဟာ ​ဂေဘယ်​ဘ်​-အယ်​လ်​-ဆီလ်​ဆီလာ ​ကျောက်​ကျင်းမှ​ကျောက်​တုံး​တွေကို နိုင်းမြစ်​တစ်​​လျှောက်​သယ်​ယူပို့​ဆောင်​ရာမှာ အသုံးပြုတဲ့ အဓိကဆိပ်​ကမ်းတစ်​ခုဖြစ်​ခဲ့​ကြောင်း ​အီဂျစ်​​ရှေး​ဟောင်း ၀န်​ကြီးဌာန ​ဖေ့စ်​ဘွတ်​ခ်​စာမျက်​နှာမှာ အင်္ဂါ​နေ့က တင်​ထားခဲ့ပါတယ်​။ ဒီဆိပ်​​ကမ်း​ဟောင်းကို ​ရှေး​ဟောင်းသု​တေသန ဌာနက ကွန်​အိုဘို အနီးမှာ ရှိတဲ့ အက်​စ်​၀မ်​ မှာ တူး​ဖော်​ရရှိခဲ့တယ်​လို့လည်း ​ရှေး​ဟောင်းဝန်​ကြီးဌာနက ​သတင်းထုတ်​ပြန်​ခဲ့ပါတယ်​။ ဒီဆိပ်​ကမ်း​ဟောင်းဟာ နိုင်းလ်​မြစ်​ရဲ့ အ​နောက်​ဘက်​ကမ်းနဲ့ မီတာ ၁၀၀ အကွာမှာ ရှိ​နေပြီး ​ကျောက်​ထုတ်​လုပ်​​ရေးကျင်းကြီးတစ်​ခုနဲ့ မီတာ ၂၀၀ အကွာမှာတည်​ရှိတယ်​လို့ အီဂျစ်​​ရှေး​ဟောင်း​ရေးရာ​ကောင်​စီရဲ့ အကြီးတန်းအတွင်း​ရေးမှူး ဗိုလ်​ချုပ်​ကြီး မူစတာဖာဝဇီရီ က​ပြောပါနယ်​။ အခုအချိန်​မှာ​တော့…

ထိုင်းရွေးကောက်ပွဲနောက်ပိုင်း ရှေ့မတိုးသာသည့် နိုင်ငံရေးအကြပ်အတည်းဆီ ဦးတည်နေ

ဘန်ကောက်၊ မတ်(၂၈) ထိုင်းနိုင်ငံမှ နိုင်ငံရေးပါတီခုနှစ်ခုဖြင့် ဖွဲ့စည်းလိုက်သည့် ဒီမိုကရက်တစ်တပ်ဦး မဟာမိတ်ညွန့်ပေါင်းအဖွဲ့က ထိုင်းအစိုးရရသစ် ဖွဲ့စည်းပိုင်ခွင့်ရှိသည်ဟု ဗုဒ္ဓဟူးနေ့ က ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ကျင်းပခဲ့သော ထိုင်းရွေးကောက်ပွဲတွင် ပါလီမန်အောက်လွှတ်တော်အမတ်နေရာ အများစုကို ဖော်ပြပါပါတီ ခုနှစ်ခုက အနိုင်ရခဲ့သည့်အတွက်ကြောင့် အစိုးသစ်ဖွဲ့မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အတွင်း ၂၀၁၄ ခုနှစ် အာဏာသိမ်း ထိုင်းစစ်အစိုးရအကြီးအကဲနှင့်ခေါင်းဆောင်ဖြစ်သူ လက်ရှိဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာနှင့် ထိုင်းစစ်တပ်ကိုထောက်ခံသော ဖလန်းပရာချာရတ် PalangPracharat ပါတီက ပေါ်ပြူလာဗုတ်ခေါ် လူကြိုက်အများဆုံး မဲနိုင်ပါတီဖြစ်သည်ကို အခြေခံပြီး အစိုးရဖွဲ့စည်းရန် အခွင့်အရေးရှိသည်ဟု အခိုင်အမာ ပြောကြားထားသည်။ ဖလန်းဖချာရာရတ်ပါတီက ပရာယွတ်ကို ဝန်ကြီးချုပ်တာဝန်ဆက်လက်ထမ်းဆောင်ရန် အဆိုပြုထားသော အာဏာသိမ်းအစိုးရဘက် ယိမ်းသည့် ပါတီဖြစ်သည်။ အမှန်တကယ်အခြေအနေမှာ နှစ်ဘက်စလုံးအတွက် ရိုးရှင်းသော အနေအထားတစ်ခု မဟုတ်ပေ။ မဲဆန္ဒရှင်များက ရွေးကောက်ပွဲမှ…

ဆိုးလ်​ရှားကို အမြဲတမ်းနည်းပြအဖြစ်​ မန်​ချက်​စတာယူနိုက်​တက်​ ခန့်​အပ်

မတ်​ ၂၈ မန်​ချက်​စတာယူနိုက်​တက်​အသင်းဟာ အခုလက်​ရှိယာယီနည်းပြအဖြစ်​ တာဝန်​ထမ်း​ဆောင်​​နေတဲ့ ကလပ်​ရဲ့ဂန္တ၀င်​ကစားသမား​ဟောင်း အို​လေဂန်​နာဆိုးလ်ရှားကို တရားဝင်​နည်းပြအဖြစ်​ ၃ နှစ်​စာချုပ်​ချုပ်​ဆို ခန့်​အပ်​လိုက်​​တယ်လို့ ဒီကနေ့ တရားဝင်​ထုတ်​ပြန်​ပါတယ်​။ ဆိုးလ်​ရှားဟာ မန်​ချက်​စတာယူနိုက်​တက်​မှာ ၁၉၉၆ ခုနှစ်​က​နေ ၂၀၀၇ ခုနှစ်​အတွင်း ကစားခဲ့ပြီး ၃၆၆ပွဲကစားခဲ့ကာ ၁၂၆ ဂိုးသွင်းယူခဲ့ပါတယ်​။ ကစားသမားဘ၀က အနားယူချိန်​မှာလည်း မန်​ချက်​စတာယူနိုက်​တက်​ အရန်​အသင်းမှာ ၂၀၁၀ ခုနှစ်​အထိ နည်းပြအဖြစ်​တာဝန်​ထမ်း​ဆောင်​ခဲ့ပါတယ်​။ ဆိုးလ်​ရှားဟာ မန်​ချက်​စတာယူနိုက်​တက်​ရဲ့ ယာယီနည်းပြအဖြစ်​ ၂၀၁၈ ခုနှစ်​ ဒီဇင်​ဘာလ ၁၉ ရက်​​နေ့မှာ ခန့်​အပ်​ခံခဲ့ရပြီး သူ့ရဲ့ ပထမဆုံးကိုင်​တွယ်​တဲ့ ၈ ပွဲဆက်​တိုက်​ အနိုင်​ရရှိခဲ့ပြီး ၁၉ ပွဲမှာ ၁၄ပွဲနိုင်​ ၂ ပွဲသ​ရေ ၃ပွဲရှုံးရလဒ်​ကို ပိုင်​ဆိုင်​ထားပါတယ်​။ ” ဒီအသင်းကို ပထမဆုံးစ​ရောက်​လာတဲ့ ရက်​ထဲက…