အိမ်နီးချင်းကို ကြိုးတုတ်မုဒိန်းကျင့်၍ ခြံအလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော ဖလော်ရီဒါအမျိုးသား ထောင်ဒဏ်နှစ် ၅၀ ချမှတ်ခံရ

ဖလော်ရီဒါ၊ မတ်လ (၂၇) အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အနောက် Palm Beach တွင် မိမိအိမ်နီးချင်းကို ကြိုးတုတ်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ပြီးနောက် သူမ၏နေအိမ်အနီးရှိ ခြံတွင်အလုပ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော အသက် ၁၉ နှစ်အရွယ်အမျိုးသားတစ်ဦး ပြစ်မှုထင်ရှားသဖြင့် တနင်္လာနေ့တရားရုံးက ထောင်ဒဏ်နှစ် ၅၀ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။်ဂျူရီတရားသူကြီးများက အောက်တိုဘာလအတွင်း လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု၊ မတရားချုပ်နှောင်ထားမှုနှင့် လက်နက်ကိုင်ဖောက်ထွင်းမှုတို့ဖြင့် တီမိုသီဝဲလ်ဒီးတွင် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့တွင် တရားသူကြီးက ထောင်ဒဏ်နှစ် ၅၀ အမိန့်ချမှတ်ခဲ့သည်။ ၂၀၁၇ အောက်တိုဘာလ၌ တီမိုသီက အသက် ၃၅ နှစ်အရွယ် သူ၏အိမ်နီးချင်းအိမ်ထဲသို့ အိမ်တံခါးများချိုးဖျက် ဝင်ရောက်ခဲ့ပြီး မိနစ်၉၀ ကြာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမုဒိန်းကျင့်ခဲ့သည်။ အဆိုပါအမျိုးသမီးကို ကြိုးဖြင့်တုတ်နှောင်၍ ဓါးဖြင့်ခြိမ်းခြောက်ခဲ့သည်ဟု တရားရုံးက စစ်ဆေးတွေ့ရှိကြောင်း…

ဖလော်ရီဒါဆင်ခြေဖုံးတွင် အဆိပ်ပြင်းဖားပြုပ် ထောင်ပေါင်းများစွာ ပျံ့နှံ့နေ

ဖလော်ရီဒါ၊ မတ်(၂၅) အမေရိကန်နိုင်ငံ ဖလော်ရီဒါဆင်ခြေဖုံးတွင် ယခုရက်ပိုင်းအတွင်း မြောက်မြားစွာတွေ့ရသော ကုန်းနေရေနေသတ္တဝါအမျိုးအစားမှာ ဖားပြုတ်ညိုဟု သိထားသော Bufo Toads များဖြစ်သည်ဟု ကျွမ်းကျင်သူပညာရှင်များက ပြောကြားသည်။ ဖလော်ရီဒါ Palm Beach ဥယျာဉ်ရပ်ကွက် ပတ်ဝန်းကျင်တွင် နေထိုင်သူဒေသခံများက ဖားပြုပ်များမှ စစ်ထုတ်လိုက်သော အဆိပ်များမှ သူတို့၏အိမ်မွေးတိရစ္ဆာန်များနှင့် ကလေးသူငယ်များ ထိခိုက်စေမည်ကို စိုးရိမ်နေရသည်။ ကားလမ်းများနှင့် လမ်းဘေးစင်္ကြံများတစ်လျှောက် ၊ရေကူးကန်များ၏ ရေထွက်ဇကာများတွင်တင်နေသည့် သေးငယ်သောဖားများနှင့် မြက်ခင်းပြင်များတွင် ပုန်းခိုနေသော ဖားပြုပ်ပုံများကို အမေရိကန်ရုပ်သံလွှင့်ဋ္ဌာနများက ထုတ်လွှင့်ပြသခဲ့သည်။ ဒေသခံတစ်ဦးဖြစ်သူ ဂျနီဖာက သူမ၏မိသားစုအနေဖြင့် သောကြာနေ့တွင် ဖားပြုပ်များကို ပထမဆုံး သတိပြုမိကြောင်း ရာပေါင်းများစွာသော ဖားပြုပ်များမှာသူမ၏ရေကူးကန်တွင် ရှိနေကြောင်း WPBF သို့ပြောကြားသည်။ ပိုးမွှားဖယ်ရှားရေးဝန်ဆောင်မှုကုမ္ပဏီ Toad buster မှ မခ်ဟော်လာဒေက ဖားပြုပ်များမှာ…