မန္တလေးတွင် ကျပ်သိန်း ၂၅၀၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မတ် ၁၉ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁၆၉၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် ၂၄၀၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ စုစုပေါင်တန်ဖိုး ကျပ်သိန်း၂၅၆၉၄သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ့ နံနက် ၀၃း၀၀ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇)မန္တလေး (မြောက်)မှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် ယာဉ်များအား ရှာဖွေနေစဉ် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)နေ ဇော်လတ်(ခ)အားတွမ် ၂၅ နှစ် စီးနင်းမောင်းနှင် လာသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် အံဝှက်များပြုလုပ် သိုဝှက်သယ် ဆောင်လာသော ရောက်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂.၄၂…

မန္တလေးတွင် ၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန် အားထုတ်သူဖမ်းမိ

မတ် ၁၇ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့ နယ်၊ အောင်ပင်လယ်ရပ်ကွက် တွင် အသက်(၄)နှစ်အရွယ်မိန်းကလေး ကို အဓမ္ပပြုကျင့်ရန် အားထုတ်သူကို ဖမ်းဆီးအရေးယူထားသည်ဟု အောင်ပင်လယ်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စိန်ထွန်းဦးထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ် ၁၇ ရက်) နေ့လယ်(၂)နာရီက မိခင်ဖြစ်သူ မ××× သည် နေအိမ်အောက်ထပ်တွင် အမနှင့်ညီမဖြစ်သူတို့နှင့်အတူရှိနေစဉ် မ××××၏ ယောက်မဖြစ်သူ၏ မောင်ဖြစ်သူ ကျော်ထက်ဝင်းနှင့် သမီးဖြစ်သူ အသက်၎နှစ်အရွယ်တို့သည် နေအိမ်အပေါ်ထပ်တွင်ရှိနေစဉ် ကျော်ထက်ဝင်းက အဓမ္မပြုကျင့်ရန် အားထုတ်နေသည်ကို တူဖြစ်သူက တွေ့မြင်ခဲ့ကြောင်းပြောပြသိရှိသဖြင့်အပေါ်ထပ်သို့သွား ရောက်ကြည့်ရှု့ခဲ့ပြီး မေးမြန်းခဲ့ရာမှ သိရှိခဲ့ရသဖြင့် အရေးယူပေးပါရန် နယ်မြေရဲစခန်းတွင်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုင်တန်းခဲ့သည့်အပေါ် အောင်ပင်လယ်နယ်မြေ ရဲစခန်းမှ ကျော်ထက်ဝင်း(၂၂)နှစ် အောင်ပင်လယ်ရပ်ကွက်နေထိုင်သူကို (ပ) ၁၈၃/၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆/၅၁၁ဖြင့် အမှုဖွင့်အရေးယူထားသည်။ By –…

မန္တလေးတွင် အသက်၁၈နှစ်မပြည့်သေးသည့် မိန်းကလေး(၃)ဦးကို ပထွေးက အဓမ္မပြုကျင့်ရန်ကြံစည်သဖြင့် ဖမ်းဆီးအရေးယူ

မတ် ၁၆ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့ နယ်၊ ရဲမွန်တောင်ရပ်ကွ က်၊ ၅၄×၃၇လမ်းဒေါင့်ရှိ ကျူးကျော်တဲတွင်နေထိုင်သည့် အသက်၁၈နှစ်၊ ၁၄နှစ်နှင့် ၉နှစ်အရွယ် မိန်းကလေးသုံးဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် ပထွေးဖြစ်သူကို ဖမ်းဆီးအရေးယူထားသည်ဟု အမှတ်(၉)မြို့ မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မ××××သည် နေအိမ်တွင်ရှိနေစဉ် ညီမများဖြစ်ကြသည့် မ××××(၁၈)နှစ်၊ မ×××× (၁၄)နှစ်၊ မ××× (၉)နှစ်အရွယ် မိန်းကလေးသုံးဦးသည်၊ မတ်(၉)ရက်နေ့က နေအိမ်မှအပြင်သို့ထွက်သွားရာ ပြန်လည်ရောက်ရှိခြင်းမရှိသဖြင့် အမဖြစ်သူ မ×××× က နယ်မြေရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့သဖြင့် လူပျောက်အမှတ်စဉ် ၄/၂၀၁၉ ရေးဖွင့်ပြီး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေမှုပြုလုပ်ခဲ့သည်။ ထိုနောက် စုံစမ်းရှာဖွေနေကြစဉ် မတ်လ ၁၂ ရက် နေ့က အမဝမ်းကွဲတော်စပ်သူ နေထိုင်သည့် တောင်ငူမြို့ နယ်၊ကျွဲပွဲမြို့ တွင်ရောက်ရှိနေကြောင်း…

ပုသိမ်ကြီးမြို့ နယ်တွင် ဒယ်အိုးဖြင့်ဟင်းအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီးမီးလောင်၊ နေအိမ်၁၈လုံးပျက်စီးဆုံးရှုံးပြီး လူ၇၃ဦးမီးဘေးသင့်

မန္တလေး မတ် ၁၄ မန္တလေးမြို့ ၊ ပုသိမ်ကြီးမြို့ နယ်၊ သမ္မတောကျေးရွာတွင် ယနေ့ နေ့လယ် ၁၂နာရီခွဲခန့်က အိမ်ရှင်ဦးဇော်မိုးလွင်၏ သွပ်မိုး၊ ထရံကာ(၂)ထပ်နေအိမ်တွင် လျှပ်စစ်ဒယ်အိုးဖြင့် ဆိတ်သားဟင်းတည်ထားခဲ့ရာမှ အပူလွန်ပြီးမီးလောင်ခဲ့ရာ နေအိမ်၁၈လုံးမီးကူးစက်ခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည်။ မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးစီး၍အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြိမ်းသတ်ယာဉ်(၄၀)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ သန္ဓေ(၇၀)ဦး၊ အရံ ၁၅၀ဦးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြရာ နေ့လည်(၁)နာရီဝန်းကျင်တွင်မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ နံကပ်၊ ၂ထပ်နေအိမ်(၃)လုံး၊ သွပ်မိုး၊ ထရံကာ၊ ၂ထပ်နေအိမ် ၁၀လုံး၊ သွပ်မိုး၊ ထရံကာ၊ ၁ထပ်နေအိမ်(၅)လုံး၊ စုစုပေါင်းနေအိမ် ၁၈လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၇၉၂၈၀၀၀၀ကျပ်ခန့်ရှိကာ အိမ်ထောင်စု ၁၈စုမှ လူ၇၃ဦး မီးဘေးသင့်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ရှင်ဦးဇော်မိုး လွင်…

မန္တလေးဗဟိုအကျဉ်းထောင်ဆောက်လုပ်စဉ်က ပါဝင်သွားသော လယ်မြေများအတွက် လျော်ကြေးငွေပေးအပ်

မန္တလေး မတ် ၁၃ မန္တလေးဗဟိုအကျဉ်းထောင် ဆောက်လုပ်စဉ်က ပါဝင်သွားသော လယ်မြေများအတွက် မူလတောင်သူများသို့ လျော်ကြေးငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မန္တလေးဗဟိုအကျဉ်းထောင် တွင်ကျင်းပပြုလုပ်ခဲ့သည်။ မန္တလေးဗဟိုအကျဉ်းထောင် ဆောက်လုပ်စဉ်က မြေ၁၃ ဧကကျော်ပါဝင်သွားသော တောင်သူ ၃ ဦးအား ယနေ့မှာ လျော်ကြေးငွေပေးအပ်ခဲ့ခြင်းဖြစ်သည်။ ‘’ ဒီမြေကို နောက်ပိုင်းမှာ အကျဉ်းသားတွေလေ့ကျင့်ပေးမယ့် အကျဉ်းထောင်ငယ်တစ်ခုဆောက်မှာဖြစ်တဲ့အတွက် ပြန်မစွန့်လွတ်ပဲ လယ်ယာမြေသိမ်းဆည်းမှု ပြန်လည်စိစစ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း သတ်မှတ်နှုန်းထားတွေနဲ့ လျော်ကြေးပေးတာပါ” ဟု မန္တလေးဗဟိုအကျဉ်းထောင် ၊ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းကပြောသည်။ တောင်သူများ၏ မြေ ၇၀ ဒသမ ၁၂ ဧက သိမ်းယူခဲ့ပြီး မန္တလေးဗဟိုအကျဉ်းထောင်ကို ၁၉၉၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကြောင်းသိရသည်။ By – ပြည်စိုး MUNA (Unicode) မန္တလေး မတ်…

ပုသိမ်ကြီးမြို့နယ်တွင် ကျပ်သိန်း ၄၃၀၀၀ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

မတ် ၁၂ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရှိ ၁၆မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် လူသုံးဦးလိုက်ပါလာသော ယာဉ်တစ်စီးကို စစ်ဆေးရာမှ ငွေကျပ် ၄၃၄၀၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။ ယမန်နေ့ (မတ်လ ၁၁ ရက်) နံနက် ၄း၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်) မှ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ၁၆မိုင်ကျောက်ချောစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်များအား စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးဗဟိုကော်မတီမှ သတင်းထုတ်ပြန်သည်။ မိုင်းရှူးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မိုင်းရှူးမြို့နယ်၊ ဝမ်လွယ်ကျေးရွာနေ သော်လ ၂၁ နှစ်မောင်းနှင်ပြီး တန့်ယန်းမြို့၊ (၂)ရပ်ကွက်၊ နောင်ဖာလမ်းနေ အိုက်လုံး ၃၁ နှစ်နှင့် ဝမ်လွယ်ကျေးရွာနေ ဖြိုးသီဟ(ခ)အိုက်ဖြိုး ၃၅ နှစ်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်း…

မန္တလေးတွင် နာရေးအိမ်မှလူငယ်တစ်ဦးကို နေအိမ်ပြင်ပတွင် သေဆုံးသည်အထိရိုက်နှက်သူ ၄ဦးအား ဖမ်းဆီးအရေးယူထား

မတ် ၁၂ မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ်၊ သံ/တောင်ရပ်ကွက် ဒေါနခြံရပ်၊ အကွက်(၄၄၇)တွင် အသက်(၁၉)နှစ်အရွယ် လူငယ်တစ်ဦး ရိုက်နှက်ခံရပြီးသေဆုံးသွားမှုနှင့်ပတ်သက်၍ ပြစ်ကျူးလွန်သူလေးဦးကို ဖမ်းဆီးအရေးယူထားသည်ဟု အမှတ်(၁၀)မြို့ မရဲစခန်း တာဝန်ကျရဲထံမှ သိရသည်။ ယမန်နေ့ မတ်(၁၁)ရက် နံနက်(၁)နာရီခွဲခန့်က ကိုအောင် ကျော်ဦးသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ၏ သူငယ်ချင်း စွမ်းထက်ရောက်ရှိလာပြီး ဒေါနသုခလူမှုရေးအသင်း အနီးတွင် ညီဖြစ်သူ အသက်၁၉နှစ်အရွယ် နေအောင်ကို လူလေးငါးဦးမှ တုတ်များဖြင့်ဝိုင်းဝန်းရိုက်နှက်နေကြောင်း လာရောက်ပြောဆိုသဖြင့် သွားရောက်ကြည့်ရှု့ရာ ညီဖြစ်သူမှာ လမ်းဘေးတွင်မှောက်လျှက်ပါးစပ်မှသွေးထွက် ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲသွေးထွက်၊ ဝဲလက်ဖျံရိုးကျိုး၊ ဝဲမျက်လုံးဖုယောင်၊ ဝဲလက်ချောင်းများကျိုးသည့် ဒဏ်ရာများရရှိသဖြင့် မန္တေလးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ဆေးကုမှုခံယူစဉ် သေဆုံးသွားသဖြင့်အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းတိုင်းတန်ချက်အရသိရသည်၊ ” သေဆုံးသွားတဲ့ကောင်းလေးအိမ်မှာက သူ့အဖေနာရေး ရှိလို့ဖဲဝိုင်းရှိတယ်။ ဖဲဝိုင်းမှာပဲဖုန်းကို တစ်သိန်းနဲ့အပေါင်ထားမယ်လို့ပြောရာက ရိုက်ခံရသူနေအောင်က ကျွန်တော်မှငွေမရှိဘူးလို့ပြောလိုက်ရာမှ…

မြန်မာနိုင်ငံတွင် ပထမဆုံး အမေရိကန်စီးပွားရေးကော်နာဖွင့်ပွဲ မန္တလေးမြို့တွင် ကျင်းပ

မတ် ၁၃ မြန်မာနိုင်ငံတွင် ပထမဆုံး အမေရိကန်စီးပွားရေးကော်နာဖွင့်ပွဲ ကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များရုံးတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ အမေရိကန်စီးပွားရေးကော်နာသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ နှင့်အမေရိကန်ရှိ စီးပွားရေး လုပ်ငန်းရှင်များ ဆက်ဆံရေးပိုမိုချောမွေ့စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖွင့်ပွဲမှ သိရသည်။ ” အမေရိကန် မြန်မာဆက်ဆံရေးဆိုတာ ခုမှရှိခဲ့တာ မဟုတ်ပါဘူး ။ မင်းတုန်းမင်းတြားကြီး လက်ထပ်ကတည်းက ရှိခဲ့တာပါ၊ အမေရိကန်စီးပွားရေးကော်နာ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာကိုရွေးလိုက်တယ်။ မြန်မာထဲမှာမှ မန္တလေးကိုရွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ” ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်နှင့် သံရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ By – ပြည်စိုး MUNA (Unicode) မြန်မာနိုင်ငံတွင် ပထမဆုံး အမေရိကန်စီးပွားရေးကော်နာဖွင့်ပွဲ…

မန္တလေးတွင် တည်းခိုခန်းအခန်းအတွင်းမှ ရွှေထည်၊ ဟန်းဖုန်းနှင့် ငွေကျပ်သိန်း၂၀ကျော် ခိုးယူသည့်အမျိုးသမီးအား ဖမ်းဆီးအရေးယူထား

မတ် ၉ မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့ နယ်၊ ၃၄×၆၉ လမ်းဒေါင့်ရှိတည်းခိုခန်းတွင် ရွှေထည်ပစ္စည်း ၃၄သိန်းကျပ်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ၊ ဟန်းဖုန်း သုံးလုံးနှင့် ငွေကျပ်သိန်း ၂၀ကျော် ခိုးယူသွားသူကို ယမန်နေ့ (မတ် ၈ရက်) က ဖမ်းဆီးရမိသည်ဟု အမှတ်၃နယ်မြေရဲစခန်းမှ သိရသည်။ တည်းခိုခန်း အခန်းအမှတ်(B-2,A-1)တွင် ဦးအောင် ဟိန်းနှင့် မိသားစုများသည် သမီးဖြစ်သူ ဘွဲ့ယူရန်အတွက်လာရောက်တည်းခိုစဉ် မတ်လ ၅ ရက်၊ မနက် ၃အချိ န်က OPPO ၊ SAMSUNG ၊ HONDA အမျိုးအစားဟန်းဖုန်းများ၊ ငွေကျပ် သိန်း(၂၀)ကျော်နှင့် မီးလင်းရွှေလက်စွပ်မောင်းကွင်းနှစ်ကွင်း တန်ဖိုး(၄)သိန်းကျော်၊ နှစ်ပင်ပူးရွှေလက်ကောက် ငါးကွင်း တန်ဖိုး(၁၅)သိန်းခန့်၊ ရွှေဆွဲသီးပါဆွဲကြိုး တန်ဖိုး၁၅သိန်းတို့ ပျောက်ဆုံးခဲ့သဖြင့် ခိုးယူသူအားအရေးယူပေးပါရန် နယ်မြေရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်သည်။…

မန္တလေးတိုင်းဒေသကြီးမှာ စားသုံးသူ အခွင့်အရေးရလိုမှုဖြင့်တိုင်ကြားမှုများတွင် ၀န်ဆောင်မှုပိုင်းတွေကို တိုင်ကြားမှုပိုများလာ

မန္တလေး မတ် ၈ မန္တလေးတိုင်းဒေသကြီးမှာ စားသုံးသူ အခွင့်အရေးရလိုလိုမှုဖြင့်တိုင်ကြားမှုများတွင် ဝန်ဆောင်မှုပိုင်းတွေကို တိုင်ကြားမှုပိုများလာကြောင်း မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနက သိရသည်။ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနက အသိပညာပေးမှုတွေကြောင့်စားသုံးသူတွေဟာ ၂၀၁၉ခုနှစ်မှာ စားသုံးသူ အခွင့်အရေးရလိုမှုကြောင့် တိုင်ကြားမှုတွေများလာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါတိုင်ကြားမှုများတွင် ၀န်ဆောင်မှုပိုင်းဆိုင်ရာတွေမှာ ပိုမိုတိုင်ကြားမှုတွေများလာခြင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ဇန်န၀ါရီလ(၁၄)နေ့ထိ ကုန်စည်နှင့်ပတ်သက်၍ တိုင်ကြားမှု(၅)မှု၊ ၀န်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှု(၅) မှု၊ ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် ပတ်သက် ၍ တိုင်ကြားမှု (၂၂) မှု စုစုပေါင်း တိုင်ကြားမှုပေါင်း(၃၂)မှုရှိကြောင်း သိရသည်။ “စားသုံးသူတွေအသိပညာပိုပြီးတော့များလာတယ်။ တိုင်တန်းမှုနဲ့ပတ်သက်ပြီးတော့ ၀န်ဆောင်မှုတွေကပိုပြီးတော့များတယ်။ ဆက်သွယ်ရေးဝန်ဆောင်မှု ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ခရီးသွားဝန်ဆောင်မှု ဒါတွေကပိုများလာတာပေါ့” ဟု မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မြင့်မြင်စန်းကပြောသည်။ မန္တလေးတိုင်းတွင်…