စမ်းချောင်းမြို့ နယ်တွင် စည်ပင်ရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်းတစ်ဦးအား ဥပဒေနှင့်မညီဟုဆိုကာ ကန့်ကွက်

ရန်ကုန်။ မတ် ၃၀ ရန်ကုန်တိုင်းဒေသကြီး ၊ စမ်းချောင်းမြို့ နယ်တွင် စည်ပင်သာယာရွေးကောက်ပွဲဝင်မည့်ကိုယ်စားလှယ်လောင်း တစ်ဦးအား ဥပဒေနှင့်မညီဟုဆိုကာ ကန့်ကွက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး၊ စည်ပင်သာယာကော်မရှင်မှ ဥပဒေနှင့် ညီညွတ်သည့်အတွက် ယှဉ်ပြိုင်ခွင့်ပြုလိုက်ခြင်းအပေါ်ကျေနပ်မှုမရှိသဖြင့် မြို့နယ်စည်ပင်သာယာကော်မတီ အဖွဲ့ ဝင်(၂)နေရာဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်ဦးကြည်အောင်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ယမန်နေ့ (မတ်လ၂၉ ရက်) နံနက်(၁၀)နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်မုန့် လက်ဆောင်းကုန်း(မြောက်)ရပ်ကွက်ရှိ ကျွန်းတောလမ်းနှင့်ရတနာပုံလမ်းဒေါင့်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကန့် ကွက်ခဲ့သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကြည်အောင်က “ မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်ကော်မရှင်ကို၊ ဒီလိုမျိုးကျွန်တော့ဘက်က အထောက်အထားဒေတာအချက် အလက်စုံလင်စွာဖြင့် ကန့် ကွက်တာတောင်မှ ပါလာတယ်ဆိုတော့ ဒီကော်မရှင်ကို ကျွန်တော်သံသယဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့ လည်း မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်ဗျာ“ ဟုပြောသည်။ ဦးကြည်အောင်က ၎င်း၏ပြိုင်ဖက်ဖြစ်သည့် NLD ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့်ဒေါ်တိုးတိုးခိုင်အား ကိုယ်စားလှယ်လောင်း၏အရည်အချင်းများအရ ကိုက်ညီမှုမရှိဟုဆိုကာ ကန့် ကွက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြောသည်။ ဒေါ်တိုးတိုးခိုင်သည်…

ရန်ကုန်ရှိ ခရိုင်နှင့်မြို့နယ်များတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်မည်

မတ် ၂၅ မနက်ဖြန် မတ်လ၂၆ရက်နေ့မှစတင်၍ မတ်လ၂၈ရက်နေ့ထိ ရန်ကုန်ရှိ ခရိုင်နှင့် မြို့နယ်များတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်းရှိ ခရိုင်များနှင့်မြို့နယ်များတွင် မတ်လ ၂၆ရက် အင်္ဂါနေ့မှ စတင်၍ ကြာသပတေးနေ့ထိ နံနက် ၉နာရီမှ နေ့လယ် ၁၂ နာရီထိ လျှပ်စစ်ဓါတ်အားပြတ်တောက်မည်ဖြစ်ကြောင်း YESC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လျှပ်ဓါတ်အားပြတ်တောက်မည့် အချိန်များတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များအတွင်းရှိ 66kV, 33kV ဓာတ်အားခွဲရုံများ၊ Distribution Transformer များထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ၀န်အားမနိုင်တော့သော 11kV ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသောဓာတ်အားလိုင်းကြိုးအသစ်များဖြင့်လဲလှယ်ခြင်း လုပ်ငန်းများနှင့်ဓာတ်အားပြတ်တောက်မှုလျော့နည်းကျဆင်းစေရေးအတွက် မိုးကြိုကာလ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပေါက်ကံ၊ ဒဂုံမြောက်၊…

ကင်မရွန်းနိုင်ငံသား ၂ဦးကို ဒေါ်လာအတုများ၊ အတုပြုလုပ်သောဆက်စပ်ပစ္စည်းများနှင့်အတူ ရန်ကုန်တွင် ဖမ်းမိ

မတ် ၂၂ ကင်မရွန်းနိုင်ငံသား(၂)ဦးကို အမေရိကန်ဒေါ်လာ အတုများ၊ အတုပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်များနှင့်အတူ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုင်ငံခြားသားနှစ်ဦးမှ နိုင်ငံခြားငွေအတုများအား လက်ဝယ်ထားရှိ သုံးစွဲ၊ လဲလှယ်နေကြောင်း သတင်းအရ စုံစမ်းခဲ့ရာ ကင်မရွန်းနိုင်ငံသား Mr. Guillaume Nekndo Tchoungang (၃၃)နှစ် ကင်မရွန်းနိုင်ငံနေသူနှင့် Mr. Charles Abe Etounit (၄၆)နှစ် ကင်မရွန်း နိုင်ငံနေသူတို့အား…

ဆယ်​စုနှစ်​တခုအတွင်းပထမဆုံးအကြိမ်​အဖြစ်​ မြန်​မာနိုင်​ငံ၌ ပုဂ္ဂလိက​လေလံပွဲများ ပြန်​လည်​ပြုလုပ်​သွားမည်​ဟုဆို

ရန်​ကုန်​၊ မတ်​၊ ၁၇ ဆယ်​စုနှစ်​တခုအတွင်းမြန်​မာနိုင်​ငံ၌ ပထမဆုံးအငြိမ်​အဖြစ်​ပုဂ္ဂလိက ​လေလံပွဲများပြည်​လည်​ပြုလုပ်​သွားရန်​စီစဉ်​​နေသည်​ဟု ယ​နေ့ ရန်​ကုန်​မြို့ Inya Lake ဟိုတယ်​တွင်​ကျင်းပသည့်​ Myanmar Auction Company Limited ၏ ကုမ္ပဏီမိတ်​ဆက်​ပွဲတွင်​ တာဝန်​ရှိသူများပြောသည်။ ​ပုဂ္ဂလိက​​လေလံပွဲများပြန်​လည်​ပြုလုပ်​ရခြင်းရည်​ရွယ်​ချက်​နှင့်​ပတ်​သတ်​၍ Myanmar Auction Company Limited မှ ဒါရိုက်​တာတဦးဖြစ်​သူ ကိုစိုင်းစစ်​မိုး​သော်​က ” ဒါမြန်​မာနိုင်​ငံအတွက်​​တော့ ဆယ်​စုနှစ်​တခုအတွင်းပြန်​လည်​ကျင်းပနိုင်​​တော့မယ့်​ ပုဂ္ဂလိက ​လေလံပွဲအတွက်​ Launching လုပ်​ရတာပါ အိမ်​​ခြံ​မြေကား အားလုံးကိုပုဂ္ဂလိက ​လေလံစနစ်​နဲ့ မည်​သူမဆိုဝင်​​ရောက်​​လေလံဆွဲဝယ်​ယူခွင့်​ရမှာပါ။ ခုကျ​တော်​တို့ပထမဆုံး ကျင်းပမယ့်​​လေလံပွဲမှာ​ မော်​​တော်​ကား​တွေ ​ရောင်းချသွားမှာပါ။ ဒီလိုပုဂ္ဂလိက​လေလံပွဲ ကျင်းပခွင့်​​တွေရ​တော့ ပြည်​သူလူထုအတွက်​ ကိုယ်​​ရောင်းချင်​တဲ့ဟာကို​ဈေး​ကောင်း​ကောင်းနဲ့ပြန်​​ရောင်းချလို့ရတာ​ပေါ့´” ဟု​ ပြောသည်​။ Myanmar Auction Company Limited မှ ကျင်းပပြုလုပ်​မည့်​​ မော်​​တော်​ယာဉ်​​လေလံပွဲကို ယခုလ၂၄ရက်​​နေ့တွင်​…

ရန်​ကုန်​ အ​ခြေစိုက်​ နိုင်​ငံတကာသံရုံးများ နေပြည်​​တော်​ပြောင်း​ရွှေ့နိုင်​ဖွယ်​ရှိ

ရန်​ကုန်​၊ မတ်​လ၊ ၁၂ မြန်​မာနိုင်​ငံဆိုင်​ရာ ကုလသမဂ္ဂရုံးချုပ်​အပါအဝင်​ ရန်​ကုန်​ တိုင်း​ဒေသကြီးအတွင်းရှိ နိုင်​ငံတကာသံရုံးများအားလုံး​နေပြည်​​တော်​သို့ မကြာမီအချိန်​များအတွင်း​ပြောင်း​ရွှေ့လာနိုင်​မည့်​ အ​ခြေအ​နေရှိ​နေသည်​ဟု ယ​နေ့ကျင်းပပြုလုပ်​သည့်​ International School Yangon ၏ ​နေပြည်​​တော်​​ကျောင်းခွဲဖွင့်​လှစ်​ခြင်း သတင်းစာရှင်းလင်းပွဲတွင်​ နိုင်​ငံခြား​ရေးဝန်​ကြီးဌာနမှ တာဝန်​ရှိသူတစ်ဦးက ​ပြောသည်​။ ” ​ပြောင်းရမှာ​ပေါ့ နိုင်​ငံ​တော်​ရဲ့အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်းစုကြည်​ကလည်း သံတမန်​​တွေကို​ခေါ်ပြီး​ပြောထားတာရှိတယ်​။ ခုဆို နိုင်​ငံကြီး​တွေဖြစ်​တဲ့အ​မေရိကန်​နဲ့တရုတ်​ကလည်း ပြောင်းဖို့လုပ်​​နေပြီဆို​တော့ တခြားနိုင်​ငံ​တွေကလဲ ရုံးလုပ်​ငန်း​တွေအ​ခြေစိုက်​တဲ့​နေရာဖြစ်​တဲ့​နေပြည်​​တော်​ကို​ပြောင်းလာ​တော့မှာ​ပေါ့´” ဟု နိုင်​ငံခြား​ရေးဝန်​ကြီးဌာနမှဒုတိယညွှန်​ကြား​ရေးမှူးချုပ်​ဦး​ဇော်​ထွန်းဦးက​ပြောသည်​။ ယခုလက်​ရှိ​ပြောင်း​ရွှေ့မည့်​သံရုံးများတွင်​ ဘရူနိုင်း၊ ဘင်္ဂလား​ဒေရှ့်​၊ အာဆီယံနိုင်​ငံများအပါအဝင်​နိုင်​ငံ​ပေါင်း၁၆နိုင်​ငံမှသံရုံးများပါဝင်​လျက်​ရှိပြီး ဝန်​ကြီးဌာနအ​နေနှင့်​​ မြေ​နေရာချထား​ပေးမှုများ စတင်​​ဆောင်​ရွက်​လျက်​ရှိ​နေပြီဟု အထက်​ပါပုဂ္ဂိုလ်​၏ ​ပြောကြားချက်​အရသိရသည်​။ ” ခုဆိုရန်​ကုန်​က​နေသူတို့​နေပြည်​​တော်​ကိုသွားစရိတ်​လာစရိတ်​ အချိန်​နဲ့တွက်​ရင်​​တော့​ပြောင်းချင်​ကြတဲ့သူ​တွေများတာ​ပေါ့။ ဒါ​ပေမယ့်​ သူတို့နိုင်​ငံရဲ့ဘတ်​ဂျက်​ကိုပြန်​​စောင့်​တာနဲ့ဘာနဲ့ အချိန်​ကာလတခု​တော့ကြာနိုင်​မယ်​။ ပြီး​တော့ ကျ​တော်​တို့နိုင်​ငံသား​တွေ Visaလုပ်​ဖို့ဘာဖို့ကျ​တော့သူတို့သံရုံး​တွေအ​နေနဲ့ ရန်​ကုန်​မှာ သံရုံးဝန်​​ဆောင်​မှုပိုင်းဆိုင်​ရာရုံးခွဲ​လေးထားမယ်​လို့​တော့ထင်​ပါတယ်​´” ဟု ဦး​ဇော်​ထွန်းဦး ကမီဒီယာများအား ဆက်​လက်​​ပြောကြားသွားသည်​။…

ဘိလပ်မြေစက်ရုံကိစ္စ မန်းတိုင်း ဝန်​ကြီးချုပ်​နှင့်​လွှတ်​​တော်​ဥက္ကဋ္ဌကို ဒေသခံရွာသားတစ်ချို့က ရန်ကုန်NLDပါတီရုံးချုပ်တွင် တိုင်စာပေး

ရန်ကုန် မတ် ၁၁ မန္တ​လေးတိုင်း​၊ ပုသိမ်​ကြီးမြို့နယ်​၊ ဒဟတ်​​တော​ကျေးရွာအုပ်​စု ​အောင်​သ​ပြေ​ကျေးရွာ အနီးတွင် Alpha ဘိလပ်​​မြေစက်ရုံသည် ကျောက်​မီး​သွေးစွမ်းအင်သုံးစီမံကိန်းစတင်နေမှုနှင့်​ပတ်​သတ်​၍​ ဆန္ဒထုတ်ဖော်သည့် ဒေသခံများ ဖမ်းဆီးခံရမှုများ ရှိ​နေသည့်​အတွက်​ မန္တ​လေးတိုင်း​ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​၊ လွှတ်​​တော်​ဥက္ကဋ္ဌဦး​အောင်​​ကျော်​ဦးတို့ကို အောင်​သ​ပြေ​ကျေးရွာ​ဒေသခံများက NLDရုံးချုပ်​တွင်​ တိုင်​ကြားစာ​ပေးရန်​ ယ​နေ့ နေ့လယ်ပိုင်းမှ စတင်​ကာ လာ​ရောက်​​စောင့်​ဆိုင်းခဲ့ပြီး တိုင်စာပေးခဲ့သည်။ တိုင်​ကြားစာ ​လာ​ရောက်​​ပေးပို့ရခြင်းနှင့်​ပတ်​သတ်​၍ ​အောင်​သ​ပြေ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ဟောင်းတဦးဖြစ်​သူ ဦး​ကျော်​မျိုးဦးက ” ဒီကိစ္စကိုကျ​တော်​တို့ ပုသိမ်​ကြီးပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ကလည်း လွှတ်​​တော်​မှာ​ဆွေး​နွေးထားတယ်​။ သက်​ဆိုင်​ရာဝန်​ကြီးဌာနကလည်း EIA SIA လုပ်​ပြီးမှ ခွင့်​ပြုမယ်​လို့​ပြောထားတယ်​။ ဒါကို EIA ​တွေဘာ​တွေဘာမှမလုပ်​ပဲ ဆက်​လုပ်​​နေတယ်​။ ဒီကုမ္ပဏီကအရင်​ထဲကခိုးလုပ်​​နေတာ ခုလည်းကျေးရွာလမ်းကို သူတို့ကုန်​​တွေထုတ်​ဖို့ချဲ့တယ်​ ယာခင်း​တွေပါ​တော့ ​ဒေသခံ​တွေကမ​ကျေနပ်​​တော့ တိုင်းအစိုးရအဖွဲ့ကဖမ်းတယ်​ တရားစွဲတယ်​ အဲ့တာ​ကြောင့်​ကျ​တော်​တို့က ရုံးချုပ်​အထိတိုင်​စာလာပို့တာ´” ဟု​ပြောသည်​။ ယနေ့ ညနေပိုင်း…

အဓမ္မပြုကျင့်ခံရသည့် (၁၁)နှစ်အရွယ်မိန်းကလေးအား ပြည်ခိုင်ဖြိုးပါတီနှင့် ရွှေပြည်တော်ဆုံမှတ်ပရဟိတအသင်းတို့မှ ထောက်ပံ့ငွေနှင့်စားသောက်စရာများပေးအပ်

ရန်ကုန် မတ် ၈ ရန်ကုန်တိုင်း ကော့မှူးမြို့ နယ်၊ အဖျောက်ကျေးရွာတွင် မတ်လ (၃)ရက်နေ့က အဓမ္မပြုကျင့်ခံရသသည့် ပဉ္စမကျောင်းသူ အသက်(၁၁)နှစ်အရွယ်မိန်းကလေးကို ကော့မှူးပြည်ခိုင်ဖြိုးပါတီနှင့် ရွှေပြည်တော်ဆုံမှတ်အဖွဲ့ တို့ မှ မတ်လ(၇)ရက် နေ့လယ် ၃နာရီခွဲအချိန်ခန့်က ကော့မှူးပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ကာ ထောက်ပံ့ ငွေနှင့်စားသောက်စရာများ ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့သည်။ ကော့မှူးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးရွှေဘော် (ခ) ဦးဝင်းထွန်းနိုင်က “ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက နစ်နာသူကလေးနဲ့ မိဘများကိုအားပေးစကားပြောပြီး ၊ လိုအပ်တာတွေကလေးအတွက်ဆောင်ရွက်နိုင်အောင် တတ်နိုင်တာလေးပေါ့ဗျာ၊ သွားထောက်ပံ့ ပေးတာပါ ၊ တခြားတော့ရည်ရွယ်ချက်မရှိပါဘူး၊ သားသမီးခြင်းစာနာမှုပေါ့ဗျာ ” ဟု MUNA ကိုပြောသည်။ ထောက်ပံ့ ငွေနှင့် အစားအသောက်များပေးအပ်ရာတွင် ကော့မှူးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦး​ရွှေ​ဘော်​(ခ)ဇဦးဝင်းထွန်းနိုင်​ဆောင်လျက် ပါတီအမျိုးသမီးရေးရာလုပ်ငန်းကော်မတီအဖွဲ့ မှတာဝန်ရှိသူများနှင့် ရွှေပြည်တော်ဆုံမှတ်ပရဟိတအသင်းမှ…

ဒဂုံဆိပ်ကမ်းမြို့နယ်က (၂)လောင်းပြိုင်လူသတ်မှု ၂၄နာရီအတွင်း တရားခံဖမ်းမိ

ရန်ကုန်၊ မတ် ၇ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်၊ အေ(၉)လမ်းတွင် ယမန်နေ့က လူနှစ်ဦးသတ်ခံရမှုဖြစ်ပွားခဲ့ပြီး ၂၄နာရီအတွင်း တရားခံဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့သတင်းထုတ်ပြန်သည်။ အေ(၉)လမ်း တိုက် (၅/၂၀၄)ရှိ ဧည့်ခန်းအတွင်း၌ မွေ့ရာဆိုင်အရောင်းဝန်ထမ်း များဖြစ်သော ဟိန်းမင်းအောင်၊ (၂၇) နှစ်မှာ ထိုးသွင်းဒဏ်ရာများဖြင့် လည်းကောင်း၊ မမြင့်မြင့်ဝင်း၊ (၂၃)နှစ်မှာ ကုတင်ပေါ်၌ ရင်ညွန့်ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့် သေဆုံးခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ယမန်နေ့ (မတ် ၆) ညနေ ၆း၄၅ အချိန် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှူးက တရားလိုပြုလုပ်၍ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း (ပ)၄၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များမှ စိစစ်ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူသည် မွေ့ရာဆိုင်အရောင်းဝန်ထမ်း ထက်ရှိုင်း(ခ)ဖိုးထက်ဖြစ်ကြောင်းသိရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးရှိ…

ကွယ်​လွန်​သူ သရုပ်​​ဆောင်​မင်း​သွေးပါဝင်​သီဆိုထားသည့်​ ‘ပထမသုံး’ ​တေးအယ်​လ်​ဘမ်​မိတ်​ဆက်

ရန်​ကုန်​၊ မတ်​ ၆ ရုပ်​ရှင်​သရုပ်​​ဆောင်​မင်း​သွေးနှင့်​ သားငယ်​၊ ညီမင်းခိုင်​တို့သီဆိုထားသည့်​ ပထမသုံးအမည်​ရှိ ​တေးအယ်​လ်​ဘမ်​မိတ်​ဆက်​ပွဲကိုယ​နေ့​နေ့လည်​ပိုင်းက ရန်​ကုန်​မြို့ ​​ရှိ Country Home စား​သောက်​ဆိုင်​တွင်​ပြုလုပ်​ခဲ့သည်​။ အဆိုပါ ​တေးအယ်​လ်​ဘမ်​မိတ်​ဆက်​ပွဲသို့ ကွယ်​လွန်​သူမင်း​သွေးကိုယ်​စား အကိုဖြစ်​သူရုပ်​ရှင်​သရုပ်​​ဆောင်​​ နေတိုး တက်​​ရောက်​၍ အမှတ်​တရစကားများ​ ပြောကြားခဲ့သည်​။ ” မင်း​သွေးကိုယ်​တိုင်​လည်း အရင်​ထဲက ဒီ​ခွေ​လေးအ​ကြောင်း အရင်​ထဲက ​ပြောထားခဲ့တာပါ။ သူမရှိ​တော့​ပေမယ့်​ ကျ​တော်​တို့ အ​ကောင်းဆုံးလုပ်​​ပေးခဲ့နိုင်​တယ်​လို့ပဲ​ ပြောရမှာ​ပေါ့။ ဒီ​ခွေ​လေးအတွက်​ကျ​တော်​ကပဲအစစအရာရာ ကူ​ညီ​ပေးသွားမှာပါ´” ဟု ​နေတိုးက​ပြောသည်​။ ယခုထွက်​ရှိသည့်​ ပထမသုံး Audio CD ​တေးအယ်​လ်​ဘမ်​ကို မကြာမီအချိန်​အတွင်း Music Video ရိုက်​ကူးသွားမည်​ဖြစ်​​ကြောင်းလည်း သရုပ်ဆောင်နေတိုးက ​ပြောသည်​။ သီချင်း​ခွေ စီစဉ်​ဖြစ်​ခဲ့ပုံနှင့်​ပတ်​သတ်​၍ ​တေး​ရေး SNO က ” ဒီ​ခွေမှာ​တော့အခက်​အခဲက ရှိ​တော့ရှိပါတယ်​။ ဒါ​ပေမယ့်​ကို​နေတိုးက…

ကော့မှူးမြို့နယ်​တွင်​ အသက်​(၁၁)နှစ်​အရွယ်​မိန်းကလေး(၁)ဦး အဓမ္မပြုကျင့်ခံရ

ရန်​ကုန်​။ မတ်​ ၄ ရန်​ကုန်​တိုင်း​၊​ ကော့မှူးမြို့နယ်​ ၊ အ​ဖျောက်​​ကျေးရွာတွင်​ ယမန်နေ့ (မတ်​ ၃ရက်​) နေ့လယ် ၂နာရီ ၃၀မိနစ်​အချိန်​ခန့်​က အသက်​(၁၁)နှစ်​အရွယ်​ ပဉ္စမတန်း​ကျောင်းသူကို တရွာတည်း​နေ အသက်​(၂၀)အရွယ်​ အုတ်​ဖုတ်​လုပ်​သားက အဓမ္မပြုကျင့်​ခဲ့​ကြောင်း ​ကော့မှူးမြို့မရဲတပ်​ဖွဲ့မှူးရုံးမှ သိရသည်​။ ​ကော့မှူးမြို့နယ်ရဲတပ်​ဖွဲ့မှူးရုံးမှ ရဲအုပ်​​ကျော်​သက်​လွင်​က ” က​လေးက​တော့​ ကော့မှူး​ဆေးရုံမှာ ​ဆေးကုသခံယူ​နေတယ်​ဗျ။ တရားခံကို​တော့ဖမ်းပြီးပါပြီ။ က​လေးအုပ်​ထိန်းသူမိဘ​တွေအ​နေနဲ့ ကိုယ့်​က​လေးကို ကိုယ့်​မျက်​စိ​အောက်​မှာဘဲထားသင့်​တယ်​။ ခုဖြစ်​စဉ်​​တွေအရ​ပေါ့ဗျာ ၊ ယုံကြည်​ဖို့ခက်​တယ်​ဗျာ မဖြစ်​သင့်​ဘူး​ပေါ့ဗျာ ” ဟု MUNA သို့ ပြောသည်။ တရားလို​ဒေါ်​အေးမြင့့် (၄၅)နှစ်​ အ​ဖျောက်​​ကျေးရွာ နေအိမ်​တွင်​ရှိ​နေစဉ်​သမီးဖြစ်​သူ မ××××အသက်​(၁၁)နှစ်​သည်​အပြင်​မှ​ဆော့ကစားပြီးပြန်​လာရာ၊ ၎င်းဝတ်​ဆင်​ထားသည့်​အဝါ​ရောင်​​ပေါ်တွင်​အနက်​ကွက်​ပါရှိသည့်​​ဘောင်းဘီ၌​ သွေးများ​ပေစွန်း​နေသည်​ကို​တွေ့ရှိရသဖြင့်​ သမီးဖြစ်​သူအား​မေးမြန်းရာ၊ တရွာတည်း​နေ ဒဿ ကြီး(ခ)သက်​​နောင်​(၂၀)နှစ်​ (ဘ)ဦးခင်​ဦး၊ အုတ်​ဖုတ်​လုပ်​သားက တရားလို၏…